ခ်စ္ဇနီးငယ္ေလးရဲ့ သြားေလရာ ရႈတင္တိုင္းကို လိုက္ျပီး ကေလးေလးတစ္ေယာက္လို မ်က္စိေအာက္က အေပ်ာက္မခံပဲ ဂရုစုိက္ေပးေနတဲ့ ေရႊထူး

အခ်စ္မွာ ကန့္သတ္ခ်က္ေတြမရိွဘူးဆိုတဲ့ စကားအတိုင္း တစ္ေယာက္နဲ့တစ္ေယာက္ အခ်ိန္တိုအတြင္း ခ်စ္မိခဲ့ၾကတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီတုိ့ကေတာ့ အခုဆိုရင္ သာယာလွပတဲ့ အိမ္ေထာင္တစ္ခုကို အတူတူ ပံုေဖာ္ထားၾကတာပဲ ျဖစ္ပါတယ္။ ေရႊထူးနဲ့ ေရႊမႈံရတီက အခုဆိုရင္ အိမ္ေထာင္သက္ (၂) နွစ္ေက်ာ္တိုင္ရိွခဲ့ျပီဆိုေပမယ့္ တစ္ေယာက္နဲ့တစ္ေယာက္ မ်က္စိေအာက္ကေန အေပ်ာက္မခံနုိင္ေအာင္ ခ်စ္ၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းျပီး လိုက္ဖက္ညီလြန္းတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီတို့ ဇနီးေမာင္နွံနွစ္ေယာက္စလံုးကို ခ်စ္ခင္အားေပးၾကတာပဲ ျဖစ္ပါတယ္။

ေရႊထူးနဲ့ ေရႊမႈံရတီကေတာ့ အိမ္ေထာင္တစ္ခုကို အတူတူပံုေဖာ္ထားရံုသာမက အနုပညာရွင္ေတြပီပီ တစ္ေယာက္အလုပ္ တစ္ေယာက္ကိုလည္း ကူညီေပးၾကေလ့ရိွပါတယ္။ အထူးသျဖင့့္ ေရႊထူးကေတာ့ သူ့ရဲ့ခ်စ္ဇနီးငယ္သြားသမွ် ရႈတင္ေတြကို လိုက္ျပီး ေစာင့္ေရွာက္ေပးေလ့ရိွတဲ့အျပင္ အလွျပင္ေနတဲ့ ဇနီးသည္ကိုလည္း တစိမ့္စိမ့္ ၾကည့္ျပီး ဓာတ္ပံုေလးေတြ ရိုက္ကူးေလ့ရိွတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေရႊထူးက Jewelry Talk Show တစ္ခုကို တက္ေရာက္မယ့္ ေရႊမႈံရတီကို လုိက္ေစာင့္ေရွာက္ေပးခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

ေရႊထူးကေတာ့ ခ်စ္ဇနီးငယ္ေလးကို ၾကည့္ေနရရင္ကို အလုိလို စိတ္ခ်မ္းသာေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေရႊထူးနဲ့ ေရႊမႈံတို့ ဇနီးေမာင္နွံနွစ္ေယာက္ ဒီထက္မက ခ်စ္ခင္မႈေတြနဲ့ ခ်စ္နိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Htoo Khant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်ဇနီးငယ်လေးရဲ့ သွားလေရာ ရှုတင်တိုင်းကို လိုက်ပြီး ကလေးလေးတစ်ယောက်လို မျက်စိအောက်က အပျောက်မခံပဲ ဂရုစိုက်ပေးနေတဲ့ ရွှေထူး

အချစ်မှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့တစ်ယောက် အချိန်တိုအတွင်း ချစ်မိခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ အခုဆိုရင် သာယာလှပတဲ့ အိမ်ထောင်တစ်ခုကို အတူတူ ပုံဖော်ထားကြတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင်သက် (၂) နှစ်ကျော်တိုင်ရှိခဲ့ပြီဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကနေ အပျောက်မခံနိုင်အောင် ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးကို ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်တစ်ခုကို အတူတူပုံဖော်ထားရုံသာမက အနုပညာရှင်တွေပီပီ တစ်ယောက်အလုပ် တစ်ယောက်ကိုလည်း ကူညီပေးကြလေ့ရှိပါတယ်။ အထူးသဖြင့် ရွှေထူးကတော့ သူ့ရဲ့ချစ်ဇနီးငယ်သွားသမျှ ရှုတင်တွေကို လိုက်ပြီး စောင့်ရှောက်ပေးလေ့ရှိတဲ့အပြင် အလှပြင်နေတဲ့ ဇနီးသည်ကိုလည်း တစိမ့်စိမ့် ကြည့်ပြီး ဓာတ်ပုံလေးတွေ ရိုက်ကူးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေထူးက Jewelry Talk Show တစ်ခုကို တက်ရောက်မယ့် ရွှေမှုံရတီကို လိုက်စောင့်ရှောက်ပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ရွှေထူးကတော့ ချစ်ဇနီးငယ်လေးကို ကြည့်နေရရင်ကို အလိုလို စိတ်ချမ်းသာနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံတို့ ဇနီးမောင်နှံနှစ်ယောက် ဒီထက်မက ချစ်ခင်မှုတွေနဲ့ ချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!