



Source: Moe Yu San’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

(၂၃)ပတ်သား သားသားလေးရဲ့ ကိုယ်ဝန်ကိုလွယ်ဆောင်ထားစဉ်မှာပဲ တစ်နေ့တစ်ခြားပိုပြီးလှသွေးကြွယ်လာတဲ့ မိုးယုစံ

ကြည်လင်တဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အနုပညာမှာလည်း ထူးချွန်တာကြောင့် ပရိသတ်တွေ အရမ်းချစ်ကြရတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးပုံဖော်ထားတဲ့ မိုးယုစံကတော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိတာကြောင့် တစ်နေ့တစ်ခြား ပိုပိုပြီး လှလာတာကို ပရိသတ်ကြီးသတိထားမိကြမယ် ထင်ပါတယ်။ မိုးယုစံက အခုဆိုရင် သူမရဲ့ သားလေး ကောင်းသိင်္ခမိုးသူအပြင် ဒုတိယမြောက်သားလေးကိုလည်း ပိုင်ဆိုင်ဖို့ ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား ပိုမိုရင့်လာတဲ့ ကိုယ်ဝန်ကို လွယ်ဆောင်ထားရတဲ့ မိုးယုစံကတော့ သားယောကျာ်းလေး ကိုယ်ဝန်ကို လွယ်ဆောင်ထားရတယ်ဆိုပေမယ့် တစ်နေ့တစ်ခြား ပိုပြီး နုပျိုလှပလာတာကို ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ ဒီကနေ့မှာတော့ မိုးယုစံက “ရိုက်ထားပီး ခုမှတင်ဖြစ်တော့တယ် ကိုဗစ်ကာလမှာ အပြင်မထွက်ရ ခရီးမသွားရဆိုတော့ Facebook လေး အသက်မဲ့နေမှာစိုးလို့ ထွက်တုန်းရိုက်ထားတာလေးတွေဖြည်းဖြည်းတင်မယ်နော်❤️❤️❤️” ဆိုပြီး ဗိုက်လေးထွက်ပြီးလှနေတဲ့ သူမရဲ့ ကိုယ်ဝန်ဆောင်ပုံရိပ်အချို့ကို အမှတ်တရ မျှဝေပေးထားပါတယ်။

မိုးယုစံကတော့ တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားအတိုင်း ကလေးမေမေဖြစ်လာလေ ပိုပြီးတော့တောင် နုပျိုလှပလာပါသေးတယ်နော်။ ပရိသတ်ကြီးလည်း မိုးယုစံရဲ့ ဒုတိယမြောက်သားလေးကို မြင်ချင်နေကြမယ်ဆိုတာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Moe Yu San’s fb
Bilie – Cele Connections

error: Alert: Content is protected !!