



Source: Baby Maung ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

လူတစ်ယောက်ရဲ့ အကျင့်စရိုက်က ပင်ကိုယ်ဗီဇနဲ့လည်း ပက်သတ်နေကြောင်း ပွင့်လင်းစွာပြောပြလာတဲ့ ဘေဘီမောင်

ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် မိန်းကလေးတစ်ယောက်ရှိသင့်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဘေဘီမောင်ကို လူကြီး၊ လူငယ်ပရိသတ်တိုင်း ကြိုက်နှစ်သက် အားပေးကြမယ် ထင်ပါတယ်။ ဘေဘီမောင်က အခုဆိုရင် သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေဘီမောင်က သူမရဲ့ ချစ်သူ အဆိုတော် သားဂန်းနဲ့အတူတူ သာယာအေးချမ်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားလျက်ရှိပါတယ်။

စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှုမရှိတဲ့ ဘေဘီမောင်က သူမစိတ်ထဲမှာရှိတာမှန်သမျှကို ချွင်းချန်ထားခြင်းမရှိပဲ နေတတ်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘေဘီမောင်က “လူတစ်ယောက်ရဲ့အကျင့်စရိုက်က အသိပညာနဲ့ဆိုင်သလို ပင်ကိုဗီဇနဲ့လည်း ပတ်သတ်နေတတ်တယ်။ ပင်ကိုယ်စိတ်ဓာတ်မှမကောင်းရင်တော့ ဘယ်လိုဟန်ဆောင်ထားထားအချိန်တန်ရင်တော့ အစွယ်ထွက်လာပြီးဘီလူးရုပ်ပေါ်လာတာပဲ အမလေးကြောက်တာ👹🤭” ဆိုပြီး လူတွေရဲ့ အကျင့်စရိုက်နဲ့ ပက်သတ်ပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ သူမရဲ့ ဘဝမှာ အတိုက်အခိုက်တွေ အတားအဆီးတွေများစွာနဲ့ ကြုံဆုံခဲ့ရလို့ လူတွေရဲ့အကြောင်းကို ကြာလာလေ ပိုသိလေဖြစ်လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဘေဘီမောင်ပြောတာကို သဘောတူလက်ခံရဲ့လား ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Baby Maung ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!