Romantic မဆန္ဘူးလို႔ထင္ရေပမယ့္ ပရိသတ္ေတြသတိမထားမိခ်ိန္ေလးမွာ Bobby Soxer ကို ခ်စ္တဲ့အေၾကာင္းျပသခဲ့တဲ့ လႊမ္းပိုင္

လူငယ္ႀကိဳက္အဆိုေတာ္ေတြျဖစ္ၾကတဲ့ လႊမ္းပိုင္နဲ႔ Bobby Soxer က Rap သီခ်င္းေတြနဲ႔ ေအာင္ျမင္ခဲ့သလို ႏွစ္ေပါင္းမ်ားစြာတိုင္ ၾကည္ႏူးစရာေကာင္းတဲ့ သူတို႔ အခ်စ္ေရးေလးေၾကာင့္လည္း ပရိသတ္ေတြရဲ႕ အားက်ျခင္းကို ခံေနရတာ ျဖစ္ပါတယ္။ ခ်စ္သူသက္တမ္း (၁၀)ႏွစ္ေက်ာ္ၿပီျဖစ္ေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္တူကိုယ္တူ ဝါသနာတူနဲ႔ ေ႐ႊလက္တြဲေနၾကဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း လႊမ္းပိုင္ဆိုတာနဲ႔ Bobby Soxer ကို တြဲျမင္က်တဲ့အထိ ေနနဲ႔လ ေ႐ႊနဲ႔ျမလို လိုက္ဖက္လြန္းတဲ့ စုံတြဲေလးပဲ ျဖစ္ပါတယ္။

ႏွစ္ေယာက္စလုံးအေနေအးၿပီး လူမႈကြန္ယက္စာမ်က္ႏွာမွာ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေျပာေလ့မရွိတဲ့ လႊမ္းပိုင္နဲ႔ Bobby Soxer က ဒီကေန႔မွာေတာ့ ထူးဆန္းစြာနဲ႔ပဲ ပရိသတ္ေတြသတိမထားမိခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေၾကာင္းျပသခဲ့ပါတယ္။ Bobby Soxer က “Coffee ခါးခါးႀကိဳက္တဲ့သူပါ” ဆိုတဲ့ ကပ္ပရွင္နဲ႔ ဓာတ္ပုံတင္ခဲ့ၿပီး လႊမ္းပိုင္က “Coffee ခါးေတြကိုမင္းႀကိဳက္လို႔ေသာက္ရင္း ႀကိဳက္သြားတာ☕” ဆိုတဲ့ ကပ္ပရွင္နဲ့ ဓာတ္ပံုတင္ခဲ့တာေၾကာင့္ ပရိသတ္ေတြခမ်ာ သေဘာက်ခဲ့ရတာပဲ ျဖစ္ပါတယ္။

လႊမ္းပိုင္ကေတာ့ ရုပ္တည္ၾကီးနဲ့ ေနတတ္ျပီး သူမ်ားခ်စ္သူေယာက်ာ္းေလးေတြကို ဂရုမစိုက္ျပတတ္တာမို့ မခ်စ္တတ္ဘူးလို့ထင္ရေပမယ့္ တကယ္တမ္းေတာ့ ပရိသတ္ၾကီးအထင္နဲ့ လံုးဝတျခားစီပဲေနာ္။ ပရိသတ္ၾကီးလည္း ခ်စ္တတ္လြန္းတဲ့ ဘိုပိုင္ၾကီးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Hlwan Paing & Bobby Soxer ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Romantic မဆန်ဘူးလို့ထင်ရပေမယ့် ပရိသတ်တွေသတိမထားမိချိန်လေးမှာ Bobby Soxer ကို ချစ်တဲ့အကြောင်းပြသခဲ့တဲ့ လွှမ်းပိုင်

လူငယ်ကြိုက်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က Rap သီချင်းတွေနဲ့ အောင်မြင်ခဲ့သလို နှစ်ပေါင်းများစွာတိုင် ကြည်နူးစရာကောင်းတဲ့ သူတို့ အချစ်ရေးလေးကြောင့်လည်း ပရိသတ်တွေရဲ့ အားကျခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူ ဝါသနာတူနဲ့ ရွှေလက်တွဲနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လွှမ်းပိုင်ဆိုတာနဲ့ Bobby Soxer ကို တွဲမြင်ကျတဲ့အထိ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။

နှစ်ယောက်စလုံးအနေအေးပြီး လူမှုကွန်ယက်စာမျက်နှာမှာ တစ်ယောက်အကြောင်းတစ်ယောက် ပြောလေ့မရှိတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က ဒီကနေ့မှာတော့ ထူးဆန်းစွာနဲ့ပဲ ပရိသတ်တွေသတိမထားမိချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းပြသခဲ့ပါတယ်။ Bobby Soxer က “Coffee ခါးခါးကြိုက်တဲ့သူပါ” ဆိုတဲ့ ကပ်ပရှင်နဲ့ ဓာတ်ပုံတင်ခဲ့ပြီး လွှမ်းပိုင်က “Coffee ခါးတွေကိုမင်းကြိုက်လို့သောက်ရင်း ကြိုက်သွားတာ☕” ဆိုတဲ့ ကပ်ပရှင်နဲ့ ဓာတ်ပုံတင်ခဲ့တာကြောင့် ပရိသတ်တွေခမျာ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။

လွှမ်းပိုင်ကတော့ ရုပ်တည်ကြီးနဲ့ နေတတ်ပြီး သူများချစ်သူယောကျာ်းလေးတွေကို ဂရုမစိုက်ပြတတ်တာမို့ မချစ်တတ်ဘူးလို့ထင်ရပေမယ့် တကယ်တမ်းတော့ ပရိသတ်ကြီးအထင်နဲ့ လုံးဝတခြားစီပဲနော်။ ပရိသတ်ကြီးလည်း ချစ်တတ်လွန်းတဲ့ ဘိုပိုင်ကြီးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Hlwan Paing & Bobby Soxer ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!