



ယူနီကုဒ်ဖြင့်ဖတ်ရန်

အရောင်အသွေးစုံလင်ပြီး လှပတဲ့ပန်းချီကားလေးတစ်ချပ်ဖြစ်လာဖို့ အာရုံစူးစိုက်ပြီး အချိန်တစ်ခုပေးခဲ့ရကြောင်း ပြသလာတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက ဒီနေ့အချိန်ထိ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်အောင်မြင်မြင်ထူထောင်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်က အနုပညာအလုပ်တွေကို ရပ်နားထားပြီး အိမ်မှာပဲ အနားယူနေတာ ဖြစ်ပါတယ်။

ရှားရှားပါးပါး အားလပ်ချိန်လေးရတုန်း အိန္ဒြာကျော်ဇင်ကတော့ သူမဝါသနာပါရာလေးတွေကို ပြုလုပ်ရင်း အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အိန္ဒြာကျော်ဇင်က သူမကိုယ်တိုင် ရေးဆွဲထားတဲ့ အရောင်အသွေးစုံစုံ ပန်းချီကားလေးတွေကို ပြသရင်း ပန်းချီကားတစ်ကားဖြစ်လာဖို့အတွက် အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ အချိန်တစ်ခုပေးရကြောင်း အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ မျှဝေပေးလာခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ငယ်ငယ်ကတည်းက ပန်းချီကို ဝါသနာပါသူဖြစ်ပြီး အခြားသော အနုပညာတွေကိုလည်း ကျွမ်းကျင်တတ်မြောက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကတော့ ဘက်စုံထူးချွန်သူလေး အိန္ဒြာကျော်ဇင်ကို ပိုလို့တောင် ချစ်သွားကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Eaindra Kyaw Zin ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!