



Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အဆင်းရောအချင်းပါ ပြီးပြည့်စုံတဲ့ ချစ်ဇနီးလေးရဲ့ အပြုအမူလေးတစ်ခုကို တိတ်တခိုးဓာတ်ပုံလေးရိုက်ပြီး ပြသလာခဲ့တဲ့ ရွှေထူး

နိုင်ငံကျော် အဆိုတော် ရွှေထူးကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသလို ရုပ်ရှင်မင်းသမီးချောလေး ရွှေမှုံရတီရဲ့ အချစ်ကိုလည်း ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ သူ့ထက် အသက် (၆) နှစ်လောက်ငယ်တဲ့ ဇနီးငယ်လေးကို ပိုင်ဆိုင်ထားပေမယ့် ရွှေမှုံရတီကတော့ သူမရဲ့ အသက်အရွယ်နဲ့လိုက်အောင် ရင့်ကျက်တည်ငြိမ်လွန်းတာကြောင့် ပိုလို့တောင် အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ကြင်နာမှုတွေပြည့်နှက်နေတဲ့ ရွှေနှစ်ရွှေရဲ့ အိမ်ထောင်ရေးလေးကို စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ အသက် (၂၀) အရွယ်မှာတင် အိမ်ထောင်ကျခဲ့ပေမယ့် သူမရဲ့ အိမ်ထောင်ရေးကိုလည်း အကောင်းဆုံးတည်ဆောက်နိုင်ခဲ့သလို သူမကိုယ်သူမလည်း တိုးတက်ပြောင်းလဲလာအောင် ဖန်တီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးက အသက်ငယ်ပေမယ့် ဘာသာရေးနဲ့ ဘုရားတရားကို ရိုသေကိုင်းရှိုင်းလွန်းတဲ့ ချစ်ဇနီးလေး ရွှေမှုံရတီကို ဓာတ်ပုံလေးကို အခုလိုပဲ ပြသလာပါတယ်။

ရွှေထူးကတော့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ ဇနီးကောင်းလေးကို ပိုင်ဆိုင်ထားတာ အရမ်းကံကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း မင်းသမီးဆိုပေမယ့် ဘာသာရေးနဲ့ ကုသိုလ်ရေးမှာလည်း မမေ့လျော့တဲ့ ရွှေမှုံလေးကို ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!