



Source: Ei Ei’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေမမှတ်မိနိုင်လောက်အောင်ဖြစ်ရမယ့် သမီးငယ် ချမ်းမြေ့မောင်ချိုရဲ့ ငယ်ဘဝဓာတ်ပုံလေးတစ်ပုံကိုချပြပြီ ဆေးကြီးကြီးထိုးလာတဲ့ အိအိ

Myanmar Idol season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သူမရဲ့ သာယာချိုမြတဲ့ အသံလေးကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ။ ချမ်းမြေ့မောင်ချိုရဲ့ မိခင်ကလည်း ပရိသတ်တွေ သိထားပြီးသားအဆိုတော်တစ်ယောက်ဖြစ်ပြီး ချမ်းမြေ့မောင်ချိုရဲ့ အစ်ကိုဖြစ်သူကလည်း သရုပ်ဆောင်တစ်ယောက်ဖြစ်တာကြောင့် စိတ်တူကိုယ်တူ အနုပညာမိသားစုလို့တောင် တင်စားလို့ ရနိုင်ပါတယ်။ ချမ်းမြေ့မောင်ချိုတို့မိသားစုတွေကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အိအိက သူမရဲ့ သမီးအငယ်ဆုံးလေး ချမ်းမြေ့မောင်ချိုကို စနောက်ပြီး ဆေးကြီးကြီးထိုးလာခဲ့တာကို တွေ့ရပါတယ်။ အိအိက ကတုံးပြောင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ချမ်းမြေ့မောင်ချိုရဲ့ ဓာတ်ပုံလေးကို မျှဝေရင်း “ဘဲဥကိုရှာပါ” ဆိုပြီး စနောက်ခဲ့တာကြောင့် ပရိသတ်တွေက မောင်ချိုလေးရဲ့ ငယ်ဘဝဓာတ်ပုံလေးကိုကြည့်ပြီး အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ မျက်နှာဖောင်းဖောင်းလေးနဲ့ အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း မောင်ချိုလေးရဲ့ ထူးထူးခြားခြား ငယ်ဘဝပုံရိလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ei Ei’s fb
Bilie – Cele Connections

error: Alert: Content is protected !!