(၅၂၈) ေမတၱာနဲ့ ခ်စ္ၾကသူေတြေၾကာင့္ ခ်စ္သူရည္းစားေတြေတာင္ မလုပ္ေပးဖူးတဲ့ ဂရုစိုက္မႈတစ္ခုကို ရရိွခဲ့ေၾကာင္း ၾကည္နူးစြာေျပာလာတဲ့ မယ္လုိဒီ

နိုင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ မယ္လိုဒီကေတာ့ အနုပညာေလာကမွာ က်င္လည္ခဲ့တာ ဆယ္စုနွစ္တစ္စုေက်ာ္တိုင္ရိွခဲ့ျပီျဖစ္ျပီး အကယ္ဒမီဆုၾကီးတစ္ဆုကိုလည္း လက္ဝယ္ပိုင္ဆိုင္နိုင္ခဲ့ျပီပဲ ျဖစ္ပါတယ္။ မယ္လိုဒီက အခုဆိုရင္ အိမ္ေထာင္နဲ့ တရားဝင္ကြာရွင္းခဲ့ျပီျဖစ္ျပီး သားေလး သဒၶိစစ္ကို တစ္ေယာက္တည္း ျပဳစုေစာင့္ေရွာက္ကာ အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ မယ္လုိဒီကေတာ့ လက္ရိွဘဝမွာ သူမရဲ့ ဘဝေလးကို ေအးေအးခ်မ္းခ်မ္းနဲ့သာ ျဖတ္သန္းေနထိုင္ေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ မယ္လိုဒီက သူမကို ခ်စ္ၾကတဲ့သူေတြေၾကာင့္ ရည္းစားေတြဆီကေတာင္ မရဖူးတဲ့ ဂရုစိုက္မႈကို ရရိွခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “ေအာ္ အသက္၃၉ႏွစ္ထဲေရာက္ေနၿပီ ဘယ္ရည္းစားမွအဲ့လို ဂ႐ုတစိုက္နဲ႔မပို႔ေပးဘူး။ ကိုယ့္လိုအႏုစိတ္ေလးေတြးၿပီး စီစဥ္ပို႔ေပးေတာ့ ၾကည္ႏူးဝမ္းသာရပါတယ္။ သြားတိုက္တံကအစ အတြင္းခံေဘာင္းဘီအဆုံး အေသးစိတ္ ကိုယ္ကဘဲ လက္ေဆာင္ေပးဖူးတာ။ ကိုယ္ျပန္ရတာ ပထမဆုံးပါဘဲ။ ခုလည္းရည္းစားမဟုတ္ပါဘူး😂ေက်းဇူးပါညီမေလးေရShwe Eiponအိပုံ💐 ဆြမ္းေသခ်ာကပ္ပါမယ္္။ အစ္မလည္းေသခ်ာသုံးပါမယ္။ စိတ္ခ်မ္းသာမႈ႕ထပ္တူရပါေစရွင္” ဆိုျပီး သူမကို ေသြးမေတာ္သားမစပ္ပဲ ဂရုစိုက္သူေလးအေၾကာင္း ေျပာျပလာပါတယ္။

မယ္လိုဒီကေတာ့ တစ္ခုလပ္တစ္ေယာက္ျဖစ္ေနျပီဆိုေပမယ့္ အနီးအနားက (၅၂၈) ေမတၱာနဲ့ ခ်စ္ၾကသူေတြေၾကာင့္ ၾကည္နူးပီတိျဖစ္ေနရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Melody Myo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၅၂၈) မေတ္တာနဲ့ ချစ်ကြသူတွေကြောင့် ချစ်သူရည်းစားတွေတောင် မလုပ်ပေးဖူးတဲ့ ဂရုစိုက်မှုတစ်ခုကို ရရှိခဲ့ကြောင်း ကြည်နူးစွာပြောလာတဲ့ မယ်လိုဒီ

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မယ်လိုဒီကတော့ အနုပညာလောကမှာ ကျင်လည်ခဲ့တာ ဆယ်စုနှစ်တစ်စုကျော်တိုင်ရှိခဲ့ပြီဖြစ်ပြီး အကယ်ဒမီဆုကြီးတစ်ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မယ်လိုဒီက အခုဆိုရင် အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းခဲ့ပြီဖြစ်ပြီး သားလေး သဒ္ဓိစစ်ကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်ကာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မယ်လိုဒီကတော့ လက်ရှိဘဝမှာ သူမရဲ့ ဘဝလေးကို အေးအေးချမ်းချမ်းနဲ့သာ ဖြတ်သန်းနေထိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မယ်လိုဒီက သူမကို ချစ်ကြတဲ့သူတွေကြောင့် ရည်းစားတွေဆီကတောင် မရဖူးတဲ့ ဂရုစိုက်မှုကို ရရှိခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “အော် အသက်၃၉နှစ်ထဲရောက်နေပြီ ဘယ်ရည်းစားမှအဲ့လို ဂရုတစိုက်နဲ့မပို့ပေးဘူး။ ကိုယ့်လိုအနုစိတ်လေးတွေးပြီး စီစဉ်ပို့ပေးတော့ ကြည်နူးဝမ်းသာရပါတယ်။ သွားတိုက်တံကအစ အတွင်းခံဘောင်းဘီအဆုံး အသေးစိတ် ကိုယ်ကဘဲ လက်ဆောင်ပေးဖူးတာ။ ကိုယ်ပြန်ရတာ ပထမဆုံးပါဘဲ။ ခုလည်းရည်းစားမဟုတ်ပါဘူး😂ကျေးဇူးပါညီမလေးရေShwe Eiponအိပုံ💐 ဆွမ်းသေချာကပ်ပါမယ်။ အစ်မလည်းသေချာသုံးပါမယ်။ စိတ်ချမ်းသာမှု့ထပ်တူရပါစေရှင်” ဆိုပြီး သူမကို သွေးမတော်သားမစပ်ပဲ ဂရုစိုက်သူလေးအကြောင်း ပြောပြလာပါတယ်။

မယ်လိုဒီကတော့ တစ်ခုလပ်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် အနီးအနားက (၅၂၈) မေတ္တာနဲ့ ချစ်ကြသူတွေကြောင့် ကြည်နူးပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Melody Myo’s fb
Bilie – Cele Connections

error: Alert: Content is protected !!