



ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေအသည်းတယားယားဖြစ်ရအောင် ကိုရီးယားသီချင်းလေးအတိုင်း ချစ်စဖွယ်ကပြခဲ့တဲ့ ဝတ်မှုံရွှေရည်ရဲ့ Tik Tok ဗီဒီယို

တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အသက် (၃၂) နှစ်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် ဆယ်ကျော်သက်လေးတွေတောင် အရှုံးပေးရလောက်တဲ့အထိ နုပျိုလှပသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သူမရဲ့ အနုပညာသက်တမ်းဆယ်စုနှစ်ကျော်မှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး အကယ်ဒမီ ထူချွန်ဆုတွေနဲ့အတူတူ နိုင်ငံတကာက ရုပ်ရှင်ထူးချွန်ဆုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အောင်မြင်ကျော်ကြားမှု ပကာသနတွေထက် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုသာ ပိုမိုမက်မောသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က ပရိသတ်တွေအတွက် သူမရဲ့ Tik Tok အကောင့်ကနေပြီး ဗီဒီယိုလေးတစ်ခုကို မျှဝေပေးလာပါတယ်။ ဝတ်မှုံရွှေရည်က ကိုရီးယားသီချင်းလေးအတိုင်း ချစ်စဖွယ်လေး ကပြပြီး ပရိသတ်တွေ အသည်းတယားယားဖြစ်အောင် ပြုလုပ်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ဝတ်မှုံရွှေရည်ရဲ့ ဗီဒီယိုလေးကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

ဝတ်မှုံရွှေရည်ကတော့ အသက်အရွယ်တွေ ဘယ်လောက်ပြောင်းပြောင်း သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ အမူအကျင့်လေးတွေက ဘယ်တော့မှ ပျောက်ကွယ်မသွားဘူးနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections

error: Alert: Content is protected !!