



Source: Zenn Kyi’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

“ထာဝရနှောင်ကြိုး” ဇာတ်ကားကြီးမှာ မိနစ်ပိုင်းစာလောက်ဇာတ်ဝင်ခန်းအတွက် ရောဂါသည်တစ်ယောက်အတိုင်း ကိုယ်အလေးချိန်လျှော့ချခဲ့တဲ့ အမှတ်တရကို ချပြလာတဲ့ ဇာဏ်ခီ

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော ဇာဏ်ခီကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဇာဏ်ခီက သရုပ်ဆောင်ပညာကို နိုင်ငံရပ်ခြားကနေ သင်ယူထားပြီး ဇနီလေး ခရစ္စတီးနားခီနဲ့အတူတူ မြန်မာ့ရုပ်ရှင်လောကအတွက် အနုပညာဖန်တီးမှုတွေ အသစ်အဆန်းတွေကို ချပြနေတာပဲ ဖြစ်ပါတယ်။ ဇာဏ်ခီကတော့ “ထာဝရနှောင်ကြိုး”၊ “မုဒြာရဲ့ခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဇာဏ်ခီက သူ့ရဲ့ နောက်ဆုံးရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ “ထာဝရနှောင်ကြိုး” ဇာတ်ကား အမှတ်တရ ပုံရိပ်တစ်ချို့ကို ချပြလာပါတယ်။ ဇာဏ်ခီက “ထာဝရနှောင်ကြိုး” ဇာတ်ကားကြီးမှာ ကင်ဆာရောဂါနဲ့ သေအံ့ဆဲဆဲဖြစ်နေတဲ့အချိန်ကို မိနစ်ပိုင်းစာလောက်ဇာတ်ဝင်ခန်းအတွက် အပြင်းအထန်ကိုယ်အလေးချိန်လျှော့ချခဲ့တဲ့ ပုံရိပ်တွေကို အခုလိုပဲ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

“ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ချိန်ရက်သတ္တပတ်အကြာကြီးနဲ့ စံချိန်တင်ခဲ့ပြီး နိုင်ငံတကာမှာလည်း ပြသခွင့်ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ဖူးသူတွေကတော့ ဒီဇာတ်ဝင်ခန်းလေးကို အမှတ်ရသွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Zenn Kyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!