ချစ်ဇနီးလေးပေါင်ကို ခေါင်းအုံးပြီး သာသာယာယာအနားယူနေတုန်း အိမ်တွင်းအနှောင့်အယှက်တွေကြောင့် ဇိမ်ပျက်သွားခဲ့တဲ့ ရွှေထူးရဲ့ ဗီဒီယို






Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံကျော် အဆိုတော်တစ်ယောက်လည်း ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်လို့နေပြီဖြစ်တဲ့ ရွှေထူးကတော့ အနုပညာလောကမှာ တော်တော်လေး ဆန်းရှိပြီး အောင်မြင်သူတစ်ယောက်ပါပဲ။

ရွှေထူးက သူ့ရဲ့ သီချင်းတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို သရုပ်ဆောင်နယ်ပယ်ထဲဝင်ပြီး ရုပ်ရှင်တွေ ရိုက်ပြန်တော့လည်း ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရွှေထူးက အိမ်ထောင်ကျပြီးသည့်တိုင်အောင် ရင်သွေးမယူသေးပဲ အလုပ်တွေအပေါ် ဖိဖိစီးစီးလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံကျော် မင်းသမီး ရွှေမှုံရတီနဲ့အတူတူ သာယာတဲ့ ဘဝတစ်ခုကို တည်ဆောက်ထားတဲ့ ရွှေထူးကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု နည်းပါးတာကြောင့် အိမ်မှာပဲ အနားယူနေရတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးက ချစ်ဇနီးလေးပေါင်ကို ခေါင်းအုံးပြီး သာသာယာယာအနားယူနေတုန်း အိမ်တွင်းအနှောင့်အယှက်တွေကြောင့် ဇိမ်ပျက်သွားခဲ့ရတဲ့ သူ့ရဲ့အဖြစ်ကို အခုလိုပဲ အမှတ်တရ ပြသလာခဲ့ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်သက် (၂) နှစ်ကျော်အတွင်းမှာ ရင်သွေးမယူသေးပဲ အချစ်တော် ခွေးလေးတွေကိုသာ စောင့်ရှောက်ရင်း အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ရွှေထူးရဲ့အဖြစ်ကို ကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!