



ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်စရာကောင်းတဲ့ သူငယ်ချင်းယွန်းယွန်းနဲ့ မနက်ခင်းလမ်းလျှောက်ရင်း စကားတွေဖောင်ဖွဲ့လို့မကုန်နိုင်အောင် ပြောခဲ့တဲ့ အမှတ်တရလေးကို ချပြလာတဲ့ သဇင်ထူးမြင့်

ချစ်စရာကောင်းတဲ့ မိန်းကလေးတွေဖြစ်တဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အနုပညာလောကမှာ အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်ကတော့ ငယ်သူငယ်ချင်းတွေ မဟုတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းသံယောဇဉ်ရှိပြီး ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မျိုးဆက်သစ် အနုပညာရှင်လေးတွေဖြစ်တဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ သူငယ်ချင်းနှစ်ယောက်စလုံးကို ချစ်ခင်စွာနဲ့ အားပေးကြလျက်ရှိပါတယ်။

သက်တူရွယ်တူ သူငယ်ချင်းတွေပီပီ မကြာခဏ တွေ့ဆုံပြီး အတူတူ အချိန်ကုန်ဆုံးလေ့ရှိတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေအတွက် သူတို့ရဲ့ လှုပ်ရှားမှု ဗီဒီယိုလေးတစ်ခုကို ချပြလာပါတယ်။ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ သူငယ်ချင်းနှစ်ယောက်က မနက်ခင်းလမ်းလျှောက်ရင်း စကားတွေဖောင်ဖွဲ့လို့မကုန်နိုင်အောင် ပြောခဲ့ကြတာလေးကို အခုလိုပဲ တွေ့ရပါတယ်။

သဇင်ထူးမြင့်နဲ့ ယွန်းယွန်းတို့ကတော့ ငယ်ရွယ်နုပျိုသေးတဲ့ မိန်းကလေးတွေပီပီ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းက ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ယွန်းယွန်းတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thazin Htoo Myint – Thel’s fb
Bilie – Cele Connections

error: Alert: Content is protected !!