



ယူနီကုဒ်ဖြင့်ဖတ်ရန်

Live လွှင့်ဈေးရောင်းနေတုန်း လူကိုယ်တိုင် လာရောက်အားပေးသွားတဲ့ မြန်မာပြည်သိန်းတန်ကြောင့် ထင်မထားလောက်အောင် အံ့သြဝမ်းသာခဲ့ရတဲ့ ရတနာမိုင်

ရခိုင်တိုင်းရင်းသူလေး အဆိုတော် ရတနာမိုင်ကတော့ သူမရဲ့မိခင်ဆီက ဂီတအမွေတွေကို ဆက်ခံထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရတနာမိုင်ကတော့ သူမရဲ့ သာယာချိုကြည်တဲ့ အသံလေးနဲ့ သီချင်းတွေများစွာကို သီဆိုခဲ့ပြီး ဂီတလောကမှာ ဆယ်စုနှစ်တစ်စုကျော်တိုင် အောင်မြင်နေဆဲ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရတနာမိုင်ကတော့ အသက်သုံးဆယ်ကျော်အရွယ်အထိ အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေနည်းပါးနေတဲ့ ရတနာမိုင်က အွန်လိုင်းကနေ ရတနာပစ္စည်းတွေကို ရောင်းချပေးရင်း ပရိသတ်တွေနဲ့ ထိတွေ့နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ရတနာမိုင်က သူမ Live လွှင့်ဈေးရောင်းနေတုန်း လူကိုယ်တိုင် လာရောက်အားပေးသွားတဲ့ အဆိုတော်ကြီး မြန်မာပြည်သိန်းတန်အကြောင်းကို “မိုင်လေး Live လွှင့်နေတုန်း မိုင်လေးနဲ့ Tiger’s Eye Jewellery စိန်ရွှေရတနာဆိုင်ကိုလာပြီးတော့လူကိုယ်တိုင်လာရောက်အားပေးသွားတဲ့အန်ကယ်လ်မြန်မာပြည် ဦးသိန်းတန်နဲ့ ချစ်တီတို့ဇနီးမောင်နှံကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏😍🙏အန်ကယ်လ်တို့ ဇနီးမောင်နှံတို့ ကျန်းမာချမ်းသာကြပြီး အသက်ရာကျော်ရှည်ကြပါစေရှင့်” ဆိုပြီး အခုလိုပဲ အမှတ်တရ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။

ရတနာမိုင်ကတော့ သူမလေးစား အားကျရတဲ့ အဆိုတော်ကြီးတစ်ယောက်ဆီက ချီးကျူးစကားကြောင့် ဝမ်းသာခဲ့ရသလို သူမမမျှော်လင့်ခဲ့တဲ့အဖြစ်မျိုးဖြစ်ခဲ့တာကြောင့် တော်တော်လေး ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yadanar My (ရတနာမိုင်)’s fb
Bilie – Cele Connections

error: Alert: Content is protected !!