ေရႊမႈံရတီနဲ့ ယွဥ္ရင္ သိသိသာသာကုိ ညိဳေနတဲ့ သူ့ရဲ့အသားအရည္အေၾကာင္းကို အရႊန္းေဖာက္လာတဲ့ ေရႊထူး

တစ္​ေယာက္​ကိုတစ္​ေယာက္​ အရမ္းခ်စ္တတ္လြန္းျပီး ဂရုတစိုက္ရိွတဲ့ ​အျပဳအမူ​ေလး​ေတြ​ေၾကာင့္ ပရိသတ္​ေတြ အားက်ခ်စ္​ခင္​ရတဲ့ ေရႊထူးနဲ႔​ေရႊ​မႈံရတီတို႔ ဇနီး​ေမာင္​ႏွံက​ေတာ့ အခ်စ္​ေတြအျပၫ့္​နဲ႔ သာယာ​ေပ်ာ္​ရႊင္​တဲ့ အိမ္​ေထာင္​ေရးကို ပိုင္​ဆိုင္​ထားတာပါ။ ေရႊထူးနဲ့ ေရႊမႈံရတီတို့ကေတာ့ အိမ္ေထာင္သက္ (၂) နွစ္ေက်ာ္ၾကာရိွျပီဆိုေပမယ့္ တစ္ေယာက္နဲ့တစ္ေယာက္ ၾကင္စဦးဇနီးေမာင္နွံလို သည္းသည္းလႈပ္ အခ်စ္ပိုေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေရႊထူးနဲ့ ေရႊမႈံရတီတို့ရဲ့ အနုပညာလႈပ္ရွားမႈေတြအျပင္ သူတို့နွစ္ေယာက္ရဲ့ ၾကည္နူးစရာေကာင္းတဲ့ အိမ္ေထာင္ေရးကိုလည္း စိတ္ဝင္တစားရိွၾကတာပဲ ျဖစ္ပါတယ္။

ေနနဲ့လ ေရႊနဲ့ျမလို လိုက္ဖက္တယ္လို့ ပရိသတ္ေတြက သတ္မွတ္ထားၾကေပမယ့္ ေရႊထူးကေတာ့ ခ်စ္ဇနီး ေရႊမႈံရတီနဲ့ ယွဥ္ရင္ သူ့ရဲ့ အသားအရည္ကုိသူ ယံုၾကည္မႈမရိွသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေရႊထူးက ခ်စ္ဇနီးေလး ေရႊမႈံရတီနဲ့အတူတူ နွစ္ေယာက္သား ယွဥ္လ်က္ရိုက္ထားတဲ့ပံုေလးကို မွ်ေဝေပးရင္း “ကြၽန္ေတာ့္ျမင္လား အျဖဴေရာင္ေလးဝတ္ထားတယ္ 😑” ဆိုျပီး ညိဳစိမ့္စိမ့္ သူ့အသားအရည္အေၾကာင္းကို ေျပာျပလာပါတယ္။

ေရႊထူးကေတာ့ အသားအရည္အရမ္းေကာင္းျပီး အရမ္းလွတဲ့ ခ်စ္ဇနီး ေရႊမႈံရတီနဲ့ ယွဥ္ရင္ သိသိသာသာကို ညိဳသြားတဲ့ အသားအရည္အေၾကာင္းကို အရႊန္းေဖာက္ေျပာလာတာပဲ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ျဖဴျဖဴေဖြးေဖြး မိန္းကေလးေတြက ညိဳညိဳေမာင္းေမာင္း ေယာက်ာ္းေလးေတြနဲ့သာ အလုိက္ဖက္ဆံုးဆိုတာကိုေတာ့ ေျပာစရာလိုမယ္ မထင္ပါဘူး။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Htoo Khant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရွှေမှုံရတီနဲ့ ယှဉ်ရင် သိသိသာသာကို ညိုနေတဲ့ သူ့ရဲ့အသားအရည်အကြောင်းကို အရွှန်းဖောက်လာတဲ့ ရွှေထူး

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်တတ်လွန်းပြီး ဂရုတစိုက်ရှိတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ အိမ်ထောင်သက် (၂) နှစ်ကျော်ကြာရှိပြီဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ကြင်စဦးဇနီးမောင်နှံလို သည်းသည်းလှုပ် အချစ်ပိုနေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးကိုလည်း စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တယ်လို့ ပရိသတ်တွေက သတ်မှတ်ထားကြပေမယ့် ရွှေထူးကတော့ ချစ်ဇနီး ရွှေမှုံရတီနဲ့ ယှဉ်ရင် သူ့ရဲ့ အသားအရည်ကိုသူ ယုံကြည်မှုမရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေထူးက ချစ်ဇနီးလေး ရွှေမှုံရတီနဲ့အတူတူ နှစ်ယောက်သား ယှဉ်လျက်ရိုက်ထားတဲ့ပုံလေးကို မျှဝေပေးရင်း “ကျွန်တော့်မြင်လား အဖြူရောင်လေးဝတ်ထားတယ် 😑” ဆိုပြီး ညိုစိမ့်စိမ့် သူ့အသားအရည်အကြောင်းကို ပြောပြလာပါတယ်။

ရွှေထူးကတော့ အသားအရည်အရမ်းကောင်းပြီး အရမ်းလှတဲ့ ချစ်ဇနီး ရွှေမှုံရတီနဲ့ ယှဉ်ရင် သိသိသာသာကို ညိုသွားတဲ့ အသားအရည်အကြောင်းကို အရွှန်းဖောက်ပြောလာတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြူဖြူဖွေးဖွေး မိန်းကလေးတွေက ညိုညိုမောင်းမောင်း ယောကျာ်းလေးတွေနဲ့သာ အလိုက်ဖက်ဆုံးဆိုတာကိုတော့ ပြောစရာလိုမယ် မထင်ပါဘူး။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!