နိုင္ငံတကာက အေခ်ာအလွေတြၾကားမွာ ျမန္မာမင္းသမီးရယ္လို့ ဂုဏ္တက္ေစခဲ့ျပန္တဲ့ ေရႊမႈံရတီ

ဆယ္ေက်ာ္သက္အရြယ္မွာကတည္းက ေအာင္ျမင္မႈေတြ မ်ားစြာဆြတ္ခူးရရိွထားတဲ့ မင္းသမီးေခ်ာေလး ေရႊမႈံရတီက လက္ရိွမွာေတာ့ ျမန္မာနုိင္ငံရဲ့ ဒိတ္ဒိတ္ၾကဲမင္းသမီး တစ္ဦးျဖစ္ေနျပီ ျဖစ္ပါတယ္။ ေရႊမႈံရတီက အသက္(၂၀) အရြယ္မွာ နုိင္ငံေက်ာ္အဆိုေတာ္ ေရႊထူးနဲ့ လက္ထပ္ခဲ့ျပီး အနုပညာအလုပ္ေတြတစ္ဖက္နဲ့ သာယာေပ်ာ္ရႊင္တဲ့ မိသားစုေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ အသက္ငယ္ေပမယ့္ အနုပညာအရည္အခ်င္းအျပည့္အဝရိွတဲ့ ေရႊမႈံရတီကေတာ့ အကယ္ဒမီဆုၾကီးနဲ့ လြဲေခ်ာ္ေနေသးေပမယ့္ နိုင္ငံတကာရုပ္ရွင္ထူးခြ်န္ဆု (၂) ဆုကိုေတာ့ ပိုင္ဆိုင္နိုင္ခဲ့ျပီပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း ေရႊမႈံရတီက သူမရဲ့ ခ်စ္ပရိသတ္ေတြကို ဂုဏ္ယူေစမယ့္ သတင္းေလးတစ္ခုကို သည္ေဆာင္လာျပန္ပါျပီ။ ေရႊမႈံရတီက Tccandler ရဲ႕ The Most Beautiful Face Of 2020 မွာ ျမန္မာနုိင္ငံကိုယ္စားျပဳအျဖစ္ ပါဝင္လာတာပဲ ျဖစ္ပါတယ္။ ေရႊမႈံရတီနဲ့ အတူတူ ျမန္မာမင္းသမီးေတြျဖစ္ၾကတဲ့ ဝတ္မႈံေရႊရည္၊ ေနာ္ေဖာအယ္ထားတုိ့လည္း ပါဝင္ျပီး အမ်ိဳးသားသရုပ္ေဆာင္အျဖစ္ ပိုင္တံခြန္က ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။

ေရႊမႈံရတီကေတာ့ ကမၻာအရပ္ရပ္က အေခ်ာ၊ အလွေတြခ်ည္းပါဝင္တဲ့ Tccandler ရဲ႕ The Most Beautiful Face Of 2020 မွာ ဆန္ကာတင္တစ္ေယာက္အျဖစ္ ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေရႊမႈံေလးအတြက္ ထပ္တူဝမ္းသာဂုဏ္ယူေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Tccandler ‘s ig
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နိုင်ငံတကာက အချောအလှတွေကြားမှာ မြန်မာမင်းသမီးရယ်လို့ ဂုဏ်တက်စေခဲ့ပြန်တဲ့ ရွှေမှုံရတီ

ဆယ်ကျော်သက်အရွယ်မှာကတည်းက အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်(၂၀) အရွယ်မှာ နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး အနုပညာအလုပ်တွေတစ်ဖက်နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အနုပညာအရည်အချင်းအပြည့်အဝရှိတဲ့ ရွှေမှုံရတီကတော့ အကယ်ဒမီဆုကြီးနဲ့ လွဲချော်နေသေးပေမယ့် နိုင်ငံတကာရုပ်ရှင်ထူးချွန်ဆု (၂) ဆုကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ရွှေမှုံရတီက သူမရဲ့ ချစ်ပရိသတ်တွေကို ဂုဏ်ယူစေမယ့် သတင်းလေးတစ်ခုကို သည်ဆောင်လာပြန်ပါပြီ။ ရွှေမှုံရတီက Tccandler ရဲ့ The Most Beautiful Face Of 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့ အတူတူ မြန်မာမင်းသမီးတွေဖြစ်ကြတဲ့ ဝတ်မှုံရွှေရည်၊ နော်ဖောအယ်ထားတို့လည်း ပါဝင်ပြီး အမျိုးသားသရုပ်ဆောင်အဖြစ် ပိုင်တံခွန်က ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ ကမ္ဘာအရပ်ရပ်က အချော၊ အလှတွေချည်းပါဝင်တဲ့ Tccandler ရဲ့ The Most Beautiful Face Of 2020 မှာ ဆန်ကာတင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံလေးအတွက် ထပ်တူဝမ်းသာဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Tccandler ‘s ig
Bilie – Cele Connections

error: Alert: Content is protected !!