ဒီဇိုင္နာကလွေစခ်င္လို့ အက်ႌဆန္းေလးေတြ ခ်ဳပ္ေပးေပမယ့္ Live လႊင့္တဲ့ (၄)နာရီလံုး ဒဏ္ရာဒဏ္ခ်က္ၾကီးနဲ့ သည္းခံခဲ့ရေၾကာင္း ျပသလာတဲ့ ေမကဗ်ာ

သရုပ္ေဆာင္ ေမကဗ်ာကေတာ့ ညိဳစိမ့္စိမ့္အသားအရည္ေလးနဲ့ ပိန္ပိန္သြယ္သြယ္ေလးမို့ ဆယ္ေက်ာ္သက္မိန္းကေလးေတြေတာင္ လိုက္မမွီေအာင္ လွပသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေမကဗ်ာကေတာ့ သမီးေလးတစ္ေယာက္ကို ေမြးဖြားထားျပီး Sinhle Mom တစ္ေယာက္အေနနဲ့ ရပ္တည္ျပီး အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ အနုပညာလႈပ္ရွားမႈေတြ ရပ္နားထားတဲ့ ေမကဗ်ာက အြန္လိုင္းကေန Live လႊင့္ျပီး ေစ်းေရာင္းေပးရင္း ပရိသတ္ေတြနဲ့ ထိေတြ့ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ ့ေမကဗ်ာက မင္းသမီးတစ္ေယာက္အေနနဲ့ လွလွပပေလး ဝတ္စားျပီး ေစ်းေရာင္းရတာ ထင္သေလာက္မလြယ္ကူတဲ့အေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “အိမ္ေရာက္ေရခ်ိဳး မင္းသမီးေတြရဲ႕ဘဝ လွခ်င္ေတာ့ၿငိမ္ခံရတာေပါ့။ ဒီဇိုင္နာေတြကလွေစခ်င္ ဝတ္ရတဲ့သူလည္း ဒဏ္ရာဒဏ္ခ်က္ႀကီးပီး ၄ နာရီေလာက္ကိုေတာ္ေတာ္နာပါတယ္” ဆိုျပီး အက်ႌခြ်တ္ျပီး ဒဏ္ရာဒဏ္ခ်က္ၾကီးတစ္ခုက်န္ခဲ့ေၾကာင္း ျပသလာပါတယ္။

ေမကဗ်ာတုိ့လို့ မင္းသမီးေတြကေတာ့ လွလွပပေလး ဝတ္စားရတယ္ဆိုေပမယ့္ ပရိသတ္ၾကီးထင္သေလာက္ မလြယ္လွတာကို ေတြ့ရပါတယ္။ ပရိသတ္ၾကီးလည္း ေမကဗ်ာတို့လို မင္းသမီးေတြရဲ့ ဘဝကို စာနာသြားၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: May Kabyar’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီဇိုင်နာကလှစေချင်လို့ အင်္ကျီဆန်းလေးတွေ ချုပ်ပေးပေမယ့် Live လွှင့်တဲ့ (၄)နာရီလုံး ဒဏ်ရာဒဏ်ချက်ကြီးနဲ့ သည်းခံခဲ့ရကြောင်း ပြသလာတဲ့ မေကဗျာ

သရုပ်ဆောင် မေကဗျာကတော့ ညိုစိမ့်စိမ့်အသားအရည်လေးနဲ့ ပိန်ပိန်သွယ်သွယ်လေးမို့ ဆယ်ကျော်သက်မိန်းကလေးတွေတောင် လိုက်မမှီအောင် လှပသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မေကဗျာကတော့ သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီး Sinhle Mom တစ်ယောက်အနေနဲ့ ရပ်တည်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ မေကဗျာက အွန်လိုင်းကနေ Live လွှင့်ပြီး ဈေးရောင်းပေးရင်း ပရိသတ်တွေနဲ့ ထိတွေ့နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့မေကဗျာက မင်းသမီးတစ်ယောက်အနေနဲ့ လှလှပပလေး ဝတ်စားပြီး ဈေးရောင်းရတာ ထင်သလောက်မလွယ်ကူတဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “အိမ်ရောက်ရေချိုး မင်းသမီးတွေရဲ့ဘဝ လှချင်တော့ငြိမ်ခံရတာပေါ့။ ဒီဇိုင်နာတွေကလှစေချင် ဝတ်ရတဲ့သူလည်း ဒဏ်ရာဒဏ်ချက်ကြီးပီး ၄ နာရီလောက်ကိုတော်တော်နာပါတယ်” ဆိုပြီး အင်္ကျီချွတ်ပြီး ဒဏ်ရာဒဏ်ချက်ကြီးတစ်ခုကျန်ခဲ့ကြောင်း ပြသလာပါတယ်။

မေကဗျာတို့လို့ မင်းသမီးတွေကတော့ လှလှပပလေး ဝတ်စားရတယ်ဆိုပေမယ့် ပရိသတ်ကြီးထင်သလောက် မလွယ်လှတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာတို့လို မင်းသမီးတွေရဲ့ ဘဝကို စာနာသွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: May Kabyar’s fb
Bilie – Cele Connections

error: Alert: Content is protected !!