



Source: Si Phyo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်ဇနီးခင်လွှမ်းကိုလည်း ဂရုစိုက်ရသလို တပည့်ကျော်ညီအစ်ကိုတွေရဲ့ ဇနီးသားမယားကိုလည်း ညီမလေးလို ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးကတော့ အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးနဲ့ ကုသိုလ်ရေးကို တော်တော်လေး လိုက်စားတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စည်ဖြိုးကတော့ အခုဆိုရင် အိမ်ထောင်ကျပြီးသွားပြီဆိုပေမယ့် သူ့ရဲ့ မိသားစုတွေနဲ့ တပည့်ညီအစ်ကိုတွေအပေါ်လည်း တာဝန်ဝတ္တရားမပျက် စောင့်ရှောက်ပေးနေသူတစ်ယောက်ပါပဲ။ စိတ်ထားကောင်းပြီး သူတစ်ပါးကို ကြင်နာသနားတတ်တဲ့ စည်ဖြိုးကတော့ သူ့ရဲ့ အသိုင်းအဝိုင်းကြားမှာတော့ ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်ပါပဲ။

အိမ်ထောင်ရှင်ကြီးတစ်ယောက်ဖြစ်သွားပြီဆိုပေမယ့် ဘာမှပြောင်းလဲသွားခြင်းမရှိတဲ့ စည်ဖြိုးကတော့ ချစ်ဇနီးခင်လွှမ်းကိုလည်း ဂရုစိုက်ရသလို တပည့်ကျော်ညီအစ်ကိုတွေရဲ့ ဇနီးသားမယားကိုလည်း ဂရုစိုက် စောင့်ရှောက်ပေးနေကြောင်းကို “ကိုယ့် ချစ်ချစ်ကိုယ် လည်းဂရုစိုက်သလို ဘဝတူ တပည့်ကျော်ညီအကို တွေရဲ့ ချစ်ချစ် ကိုလည်း အပြစ်မမြင်၊ ကိုယ့်ညီမအရင်းလို သဘောထား ဂရုစိုက်ရတာ မင်္ဂလာပါ ။ ပြောမနာဆိုမနာအထာမထားမခွဲခြားမိသားစုများ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အမှတ်တရပြောလာပါတယ်။

စည်ဖြိုးကတော့ တပည့်တွေအပေါ်မှာလည်း မိသားစုလို သဘောထားသူတစ်ယောက်ဖြစ်ပြီး တပည့်တွေရဲ့ ကြင်သူသက်ထားအပေါ်မှာလည်း အစ်ကိုရင်းတစ်ယောက်လို စောင့်ရှောက်ပေးရှာသူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ စည်ဖြိုးတစ်ယောက် ဒီထက်မက ကံကောင်းခြင်းတွေကိုသာ ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Si Phyo’s fb
Bilie – Cele Connections

error: Alert: Content is protected !!