Source: May Kabyar’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
MMA Fighter ဖိုးသော်နဲ့အတူတူ ကြော်ငြာရိုက်ကူးဖို့ ပြင်ဆင်နေပြီဆိုတဲ့ မေကဗျာ
ဆယ်ကျော်သက်မိန်းကလေးတွေတောင် လိုက်လို့မမှီနိုင်တဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော မေကဗျာကတော့ အနုပညာလောကမှာ အောင်မြင်ခဲ့တာ နှစ်ပေါင်း (၂၀) နီးပါး ရှိနေပြီတောင် ဖြစ်ပါတယ်။ ကလေးမေမေတစ်ယောက်ဖြစ်တဲ့ မေကဗျာကတော့ သမီးလေးကိုလည်း ရင်အုပ်မကွာစောင့်ရှောက်နေသလို အနုပညာအလုပ်တွေမှာလည်း လစ်ဟင်းမှုမရှိအောင် ကြိုးစားခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ဒီနေ့ဒီအချိန်ထိ ရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မေကဗျာရဲ့ ဂုဏ်သတင်းက ပရိသတ်တွေကြား ကောင်းသတင်းနဲ့ ကျော်စောနေတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသလောက် လျော့နည်းနေတဲ့ မေကဗျာကတော့ ဒီကနေ့မှာ ပရိသတ်တွေအတွက် အမြင်ဆန်းစေမယ့် ကြော်ငြာတစ်ခုကို ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုခဲ့တဲ့အကြောင်း ပြောလာပါတယ်။ မေကဗျာက “ကဲ ကဗျာကိုရိုက်ကူးရေးနှင့်မြင်ချင်သောအချစ်များအတွက် ကြော်ငြာရိုက်ကူးရန် ဆွေးနွေးတိုင်ပင် စာချုပ်ချုပ်ကြသည်။ MMA Fighter မောင်လေးဖိုးသော်နှင့် ရိုက်ကူးပါမည်ရှင့်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
မေကဗျာကတော့ ထူးထူးခြားခြားအနေနဲ့ MMA Fighter ဖိုးသော်နဲ့အတူတူ ကြော်ငြာရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာတို့ရဲ့ ကြော်ငြာလေးထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: May Kabyar’s fb
Bilie – Cele Connections