ေမေမအိအိရဲ့ (၅၅)နွစ္ျပည့္ေမြးေန့အတြက္ ကိတ္မုန့္ေသးေသးေလးဝယ္ျပီး မျဖစ္ျဖစ္တဲ့နည္းနဲ့ Surprise လုပ္ခဲ့တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳရဲ့ ဗီဒီယို

အဆိုေတာ္ အိအိကေတာ့ သူမရဲ့ အနုပညာအေမြအနွစ္ေတြကို သားသမီးနွစ္ေယာက္စလံုးကို အျပည့္အဝ လက္ဆင့္ကမ္းေပးထားနိုင္တာ ျဖစ္ပါတယ္။ သားၾကီး သူရေမာင္ခ်ိဳကလည္း သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ရပ္တည္ေနသလို၊ သမီးငယ္ ခ်မ္းေျမ့ေမာင္ခ်ိဳကလည္း အဆိုေတာ္တစ္ေယာက္အျဖစ္ ဂီတလမ္းေၾကာင္းမွာ ေလွ်ာက္လွမ္းေနၾကတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်မ္းေျမ့ေမာင္ခ်ိဳတို့ သားအမိသံုးေယာက္စလံုးရဲ့ အနုပညာလႈပ္ရွားမႈေတြအျပင္ စည္းစည္းလံုးလံုးနဲ့ ၾကည္နူးစရာေကာင္းတဲ့ မိသားစုဘဝေလးကို ခ်စ္ခင္အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့ နိုဝင္ဘာလ (၁၃) ရက္ေန့ကေတာ့ အဆိုေတာ္ အိအိရဲ့ အသက္ (၅၅) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ သူမရဲ့ ေမေမအတြက္ Birthday Surprise လုပ္ဖို့ စီစဥ္ထားေပမယ့္ ကိတ္မုန့္ဝယ္မရတာေၾကာင့္ ရိွတဲ့ ကိတ္မုန့္ေသးေသးေလးနဲ့ပဲ မျဖစ္ျဖစ္တဲ့နည္းနဲ့ Surprise လုပ္ခဲ့တာကို အခုလိုပဲ ၾကည္နူးဖြယ္ ေတြ့ရပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳတို ့မိသားစုကေတာ့ တစ္ေယာက္ရဲ့ေမြးေန့မွာတစ္ေယာက္ Surprise ေတြ ျပဳလုပ္ေပးေလ့ရိွျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းတတ္တာ ပရိသတ္ၾကီးလည္း သိျပီးသား ျဖစ္မွာပါ။ ခ်မ္းေျမ့ေမာင္ခ်ိဳတို့ မိသားစုေလး အခုလုိပဲ ထာဝရ ေပ်ာ္ရႊင္ခ်မ္းေျမ့ပါေစလို့ ဆုေတာင္းလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Ei Ei’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မေမေအိအိရဲ့ (၅၅)နှစ်ပြည့်မွေးနေ့အတွက် ကိတ်မုန့်သေးသေးလေးဝယ်ပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ Surprise လုပ်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုရဲ့ ဗီဒီယို

အဆိုတော် အိအိကတော့ သူမရဲ့ အနုပညာအမွေအနှစ်တွေကို သားသမီးနှစ်ယောက်စလုံးကို အပြည့်အဝ လက်ဆင့်ကမ်းပေးထားနိုင်တာ ဖြစ်ပါတယ်။ သားကြီး သူရမောင်ချိုကလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေသလို၊ သမီးငယ် ချမ်းမြေ့မောင်ချိုကလည်း အဆိုတော်တစ်ယောက်အဖြစ် ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုတို့ သားအမိသုံးယောက်စလုံးရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် စည်းစည်းလုံးလုံးနဲ့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကတော့ အဆိုတော် အိအိရဲ့ အသက် (၅၅) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ သူမရဲ့ မေမေအတွက် Birthday Surprise လုပ်ဖို့ စီစဉ်ထားပေမယ့် ကိတ်မုန့်ဝယ်မရတာကြောင့် ရှိတဲ့ ကိတ်မုန့်သေးသေးလေးနဲ့ပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ Surprise လုပ်ခဲ့တာကို အခုလိုပဲ ကြည်နူးဖွယ် တွေ့ရပါတယ်။

ချမ်းမြေ့မောင်ချိုတို့မိသားစုကတော့ တစ်ယောက်ရဲ့မွေးနေ့မှာတစ်ယောက် Surprise တွေ ပြုလုပ်ပေးလေ့ရှိပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်တာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။ ချမ်းမြေ့မောင်ချိုတို့ မိသားစုလေး အခုလိုပဲ ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ei Ei’s fb
Bilie – Cele Connections

error: Alert: Content is protected !!