အခ်စ္ရဆံုး တစ္ဦးတည္းေသာ ဖြားဖြားအတြက္ ဝွီးခ်ဲေလးလက္ေဆာင္ေပးျပီး သီတင္းကြ်တ္ကန္ေတာ့ခဲ့တဲ့ ေဖြးေဖြး

ပရိသတ္ေတြက ေဖြးစိန္လို့ ခ်စ္စနိုးနဲ့ေခၚၾကတဲ့ မင္းသမီးေခ်ာေလး ေဖြးေဖြးကေတာ့ အသက္ (၁၉) နွစ္အရြယ္ကတည္းက မဂၢဇင္းဓာတ္ပံုေတြကို ရိုက္ကူးရင္း အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။ ျဖဴျဖဴေဖြးေဖြး အသားအရည္ေလးနဲ့ ခ်စ္စရာအရမ္းေကာင္းတဲ့အျပင္ က်ရာဇာတ္ရုပ္ကိုလည္း တစ္ေသြမတိမ္း အံဝင္ခြင္က်သရုပ္ေဆာင္နိုင္တဲ့ ေဖြးေဖြးက သူမရဲ့ အနုပညာသက္တမ္း (၁၃) နွစ္အတြင္းမွာ အကယ္ဒမီဆု သံုးဆုတိတိ ရရိွပိုင္ဆိုင္ခဲ့ျပီး အသက္အငယ္ဆံုး အကယ္ဒမီမ်ားရွင္ျဖစ္လို့လာတာပဲ ျဖစ္ပါတယ္။ ေဖြးေဖြးကေတာ့ သူမရဲ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနရင္း အိမ္ေထာင္ေရးကို စိတ္မဝင္စားနိုင္ေသးပဲ တစ္ကိုယ္တည္း အပ်ိဳၾကီးအျဖစ္ ရပ္တည္ေနတာ ျဖစ္ပါတယ္။

အိမ္ေထာင္မရိွတဲ့ တစ္ကိုယ္ရည္ တစ္ကာယသမားပီပီ မိသားစုအေပၚ အရမ္းသံေယာဇဥ္ရိွတဲ့ ေဖြးေဖြးက သူမရဲ့ အိမ္သားေတြအေပၚ အရမ္းဂရုစိုက္သူ ျဖစ္ပါတယ္။ သီတင္းကြ်တ္တိုင္းမွာ လူၾကီးမိဘေတြကို ကန္ေတာ့တတ္တဲ့ ေဖြးေဖြးက ဒီတစ္ခါမွာလည္း သူမဖြားဖြားအတြက္ ဘီးတပ္ကုလားထိုင္တစ္ခု လက္ေဆာင္ေပးျပီး သီတင္းကြ်တ္ကန္ေတာ့ခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

ေဖြးေဖြးရဲ့ ဖြားဖြားကလည္း ေျမးၾကီးရဲ့ လက္ေဆာင္အတြက္ ေက်နပ္ေနျပီး ပီတိေတြ ေဝဆာေနတာကို ေတြ့ရပါတယ္။ ပရိသတ္ၾကီးလည္း ေဖြးေဖြးတို့ ေျမးအဖြားနွစ္ေယာက္ရဲ့ ပံုရိပ္ေလးကုိၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: We Love Phway’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အချစ်ရဆုံး တစ်ဦးတည်းသော ဖွားဖွားအတွက် ဝှီးချဲလေးလက်ဆောင်ပေးပြီး သီတင်းကျွတ်ကန်တော့ခဲ့တဲ့ ဖွေးဖွေး

ပရိသတ်တွေက ဖွေးစိန်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ အသက် (၁၉) နှစ်အရွယ်ကတည်းက မဂ္ဂဇင်းဓာတ်ပုံတွေကို ရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ဖြူဖြူဖွေးဖွေး အသားအရည်လေးနဲ့ ချစ်စရာအရမ်းကောင်းတဲ့အပြင် ကျရာဇာတ်ရုပ်ကိုလည်း တစ်သွေမတိမ်း အံဝင်ခွင်ကျသရုပ်ဆောင်နိုင်တဲ့ ဖွေးဖွေးက သူမရဲ့ အနုပညာသက်တမ်း (၁၃) နှစ်အတွင်းမှာ အကယ်ဒမီဆု သုံးဆုတိတိ ရရှိပိုင်ဆိုင်ခဲ့ပြီး အသက်အငယ်ဆုံး အကယ်ဒမီများရှင်ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ သူမရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေရင်း အိမ်ထောင်ရေးကို စိတ်မဝင်စားနိုင်သေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

အိမ်ထောင်မရှိတဲ့ တစ်ကိုယ်ရည် တစ်ကာယသမားပီပီ မိသားစုအပေါ် အရမ်းသံယောဇဉ်ရှိတဲ့ ဖွေးဖွေးက သူမရဲ့ အိမ်သားတွေအပေါ် အရမ်းဂရုစိုက်သူ ဖြစ်ပါတယ်။ သီတင်းကျွတ်တိုင်းမှာ လူကြီးမိဘတွေကို ကန်တော့တတ်တဲ့ ဖွေးဖွေးက ဒီတစ်ခါမှာလည်း သူမဖွားဖွားအတွက် ဘီးတပ်ကုလားထိုင်တစ်ခု လက်ဆောင်ပေးပြီး သီတင်းကျွတ်ကန်တော့ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဖွေးဖွေးရဲ့ ဖွားဖွားကလည်း မြေးကြီးရဲ့ လက်ဆောင်အတွက် ကျေနပ်နေပြီး ပီတိတွေ ဝေဆာနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးတို့ မြေးအဖွားနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: We Love Phway’s fb
Bilie – Cele Connections

error: Alert: Content is protected !!