




ယူနီကုဒ်ဖြင့်ဖတ်ရန်

အချစ်ရဆုံးချစ်သူရဲ့ မွေးနေ့မှာ သူကိုယ်တိုင်သေချာရွေးဝယ်ထားတဲ့ ရွှေခြေကျင်းလေး လက်ဆောင်ပေးပြီး ချစ်တဲ့အကြောင်းတွေသက်သေပြခဲ့တဲ့ စွမ်းဇာနည်

မင်းသားချော စွမ်းဇာနည်ကတော့ ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အားပေးသူပရိသတ်အခိုင်အမာရရှိပြီးသား စွမ်းဇာနည်ကတော့ ပြီးခဲ့တဲ့နှစ်တွေက အလုပ်ကိစ္စပြဿနာအချို့နဲ့ ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေလုပ်ကိုင်တာ နည်းပါးသွားပေမယ့် စွမ်းဇာနည်ကတော့ ပရိသတ်တွေကို အရင်လိုပဲ ပြန်လည်ဖျော်ဖြေမှုတွေလုပ်ဖို့ သူ့ကိုယ်သူ ကြိုးစားနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတဲ့ စွမ်းဇာနည်ကတော့ သူ့ရဲ့အချစ်ရေးကတော့ အေးအေးဆေးဆေးနဲ့ တည်ငြိမ်စွာရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကတော့ စွမ်းဇာနည်ရဲ့ချစ်သူလေး မွေးနေ့ပဲ ဖြစ်ပြီး စွမ်းဇာနည်က ချစ်သူအတွက် “Happy Birthday ပါကွယ်” ဆိုပြီး တိုတိုတုတ်တုတ် မွေးနေ့ဆုမွန်ကောင်းတောင်းခဲ့ပေမယ့် ချစ်သူကိုတော့ သူကိုယ်တိုင် သေချာရွေးဝယ်ထားတဲ့ ရွှေခြေကျင်းလေး လက်ဆောင်ပေးပြီး ချစ်တဲ့အကြောင်းတွေ ပြသလာတာပဲ ဖြစ်ပါတယ်။

စွမ်းဇာနည်ကတော့ ချစ်တဲ့အကြောင်းတွေကို တဖွဖွပြောမနေပေမယ့် ချစ်သူကို အရမ်းချစ်တယ်ဆိုတာကိုတော့ သူ့ရဲ့ ဂရုစိုက်မှုလေးတွေကတဆင့် သိနိုင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စွမ်းဇာနည်တို့ ချစ်သူနှစ်ယောက်အစား ကြည်နူးမှုတွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Hnin Wutt Yi Aung’s fb
Bilie – Cele Connections

error: Alert: Content is protected !!