ရိုက္ကူးေရးတစ္ခုအတြက္ အကတိုက္ေနတဲ့ျမင္ကြင္းေလးကို ပရိသတ္ေတြအတြက္ အမွတ္တရခ်ျပလာတဲ့ ဝတ္မႈံေရႊရည္

ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာ ဝတ္မႈံေ႐ႊရည္က ေႂကြ႐ုပ္ေလးတစ္႐ုပ္လို ႏူးႏူးညံ့ညံ့ လွပသူတစ္ေယာက္ျဖစ္ေပမယ့္ သူမသ႐ုပ္ေဆာင္ရတဲ့ ဇာတ္ေကာင္နဲ႔ ပက္သတ္ရင္ စိတ္ေရာကိုယ္ပါ နစ္ၿပီး သ႐ုပ္ေဆာင္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း သူမရဲ႕ အႏုပညာသက္တမ္း ဆယ္ႏွစ္ေက်ာ္အတြင္း အကယ္ဒမီဆု (၂) ဆုရရွိခဲ့သလို ႏိုင္ငံရပ္ျခားက ခ်ီးျမႇင့္တဲ့ ရုပ္ရွင္ထူးခြၽန္ဆုေတြကို ရရွိပိုင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အနုပညာသက္တမ္း ၾကာလာတာနဲ့အမွ် ဝါရင့္ သမၻာရင့္တစ္ေယာက္ျဖစ္ေနျပီဆိုေပမယ့္ ဝတ္္မႈံေရႊရည္ေတာ့ မကုန္ဆံုးနုိင္တဲ့ပညာေတြကို သင္ယူရင္း ပရိသတ္ေတြအတြက္ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။

လက္ရိွ (၂၀၂၀) ခုနွစ္မွာေတာ့ နာမည္ၾကီး ရုပ္ရွင္ဇာတ္ကားေတြ ရိုက္ကူးဖို့ စီစဥ္ထားတဲ့ ဝတ္မႈံေရႊရည္ကေတာ့ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ ရုပ္ရွင္ေတြအကုန္လံုးကို ေရႊ့ဆိုင္းခဲ့ရတာပဲ ျဖစ္ပါတယ္။ ေၾကာ္ျငာ၊ ပရိုဂရမ္စတဲ့ ေပါ့ေပါ့ပါးပါး အနုပညာလႈပ္ရွားမႈေတြသာ လုပ္ကိုင္ေနတဲ့ ဝတ္မႈံေရႊရည္က ဒီကေန့မွာေတာ့ ရိုက္ကူးေရးတစ္ခုအတြက္ အကတိုက္ေနတဲ့ျမင္ကြင္းေလးကို ပရိသတ္ေတြအတြက္ ခ်ျပလာတာကို အခုလိုပဲ ေတြ့ရပါတယ္။

ဝတ္မႈံေရႊရည္ကေတာ့ အကနဲ့ ပက္သတ္လာရင္ အေတြ့အၾကံဳနည္းပါးေပမယ့္ ဘယ္အရာကိုမဆို ၾကိဳးၾကိဳးစားစားနဲ့ အေကာင္းဆံုး သင္ယူတယ္ဆိုတာကိုေတာ့ သူမရဲ့ အနုပညာလႈပ္ရွားမႈအခ်ိဳ့ကို ၾကည့္ရင္ သိနုိင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရိုက်ကူးရေးတစ်ခုအတွက် အကတိုက်နေတဲ့မြင်ကွင်းလေးကို ပရိသတ်တွေအတွက် အမှတ်တရချပြလာတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် မင်းသမီးချော ဝတ်မှုံရွှေရည်က ကြွေရုပ်လေးတစ်ရုပ်လို နူးနူးညံ့ညံ့ လှပသူတစ်ယောက်ဖြစ်ပေမယ့် သူမသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နဲ့ ပက်သတ်ရင် စိတ်ရောကိုယ်ပါ နစ်ပြီး သရုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူမရဲ့ အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်း အကယ်ဒမီဆု (၂) ဆုရရှိခဲ့သလို နိုင်ငံရပ်ခြားက ချီးမြှင့်တဲ့ ရုပ်ရှင်ထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာသက်တမ်း ကြာလာတာနဲ့အမျှ ဝါရင့် သမ္ဘာရင့်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ဝတ်မှုံရွှေရည်တော့ မကုန်ဆုံးနိုင်တဲ့ပညာတွေကို သင်ယူရင်း ပရိသတ်တွေအတွက် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ (၂၀၂၀) ခုနှစ်မှာတော့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဝတ်မှုံရွှေရည်ကတော့ ကပ်ရောဂါအခြေအနေတွေကြောင့် ရုပ်ရှင်တွေအကုန်လုံးကို ရွှေ့ဆိုင်းခဲ့ရတာပဲ ဖြစ်ပါတယ်။ ကြော်ငြာ၊ ပရိုဂရမ်စတဲ့ ပေါ့ပေါ့ပါးပါး အနုပညာလှုပ်ရှားမှုတွေသာ လုပ်ကိုင်နေတဲ့ ဝတ်မှုံရွှေရည်က ဒီကနေ့မှာတော့ ရိုက်ကူးရေးတစ်ခုအတွက် အကတိုက်နေတဲ့မြင်ကွင်းလေးကို ပရိသတ်တွေအတွက် ချပြလာတာကို အခုလိုပဲ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အကနဲ့ ပက်သတ်လာရင် အတွေ့အကြုံနည်းပါးပေမယ့် ဘယ်အရာကိုမဆို ကြိုးကြိုးစားစားနဲ့ အကောင်းဆုံး သင်ယူတယ်ဆိုတာကိုတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုအချို့ကို ကြည့်ရင် သိနိုင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections

error: Alert: Content is protected !!