တစ္ပတ္အတြင္းမွာတင္ ႏိုင္ငံျခားက ႐ုပ္ရွင္ထူးခြၽန္ဆု (၂) ဆုတိတိ ရရွိခဲ့တဲ့ ခ်စ္ဇနီးငယ္အတြက္ ဂုဏ္ယူမဆုံးျဖစ္ေနတဲ့ ေ႐ႊထူး

ျပည္သူခ်စ္ အႏုပညာရွင္မ်ားျဖစ္ၾကတဲ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီကေတာ့ အခ်စ္စစ္တစ္ခုတည္းနဲ႔ အရာအားလုံးကို လ်စ္လ်ဴရႈၿပီး လက္ထပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီက အႏုပညာရွင္ေတြပီပီ တစ္ေယာက္ရဲ႕ လိုအပ္ခ်က္ကိုတစ္ေယာက္ ျဖည့္စည္းရင္း သာယာတဲ့ အိမ္ေထာင္ေရးကို တည္ေဆာက္ထားတာ အခုဆိုရင္ (၂) ႏွစ္တိတိ ျပည့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ ေ႐ႊထူးကလည္း သူ႔ရဲ႕ ဂီတလမ္းေၾကာင္းမွာ ေအာင္ျမင္မႈရရွိဖို႔ ႀကိဳးစားေနသလို ေ႐ႊမႈံရတီကလည္း သူမရဲ႕ သ႐ုပ္ေဆာင္ေလာကမွာ ပရိသတ္အားေပးရက်ိဳးနပ္ဖို႔ ႀကိဳးစားေနသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။

မေန႔က ႏိုဝင္ဘာလ (၁၂) ရက္ေန႔မွာေတာ့ ေ႐ႊမႈံရတီက အိႏၵိယႏိုင္ငံမွာ က်င္းပျပဳလုပ္တဲ့ Calcutta International Cult Film Festival မွာ “ႏို႔ဘီလူး” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆုကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေရႊမႈံရတီကေတာ့ တစ္ပတ္အတြင္းမွာ ႏိုင္ငံျခားက ႐ုပ္ရွင္ထူးခြၽန္ဆု (၂) ဆုတိတိ ရရွိခဲ့တာေၾကာင့္ ေရႊထူးက “ထပ္ၾကမ္းေဂၚ 🔥🔥🔥” ဆိုျပီး ခ်စ္ဇနီးေလး ေရႊမႈံရတီအတြက္ ဂုဏ္ယူမဆံုးျဖစ္ေနတာကို ေတြ့ရပါတယ္။


ေ႐ႊမႈံရတီက ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၅) ရက္ေန႔မွာလည္း ဘူတန္ႏိုင္ငံရွိ Druk International Film Festival မွာလည္း “ႏို႔ဘီလူး” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆုကို ပူပူေႏြးေႏြးရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ေရႊထူးကေတာ့ ရုပ္ရည္ေခ်ာေမာရံုသာမကပဲ အရည္အခ်င္းလည္းရိွတဲ့ ဇနီးေခ်ာေလးကို ပိုင္ဆိုင္ခြင့္ရတာ အရမ္းကံေကာင္းတာပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Htoo Khant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်ပတ်အတွင်းမှာတင် နိုင်ငံခြားက ရုပ်ရှင်ထူးချွန်ဆု (၂) ဆုတိတိ ရရှိခဲ့တဲ့ ချစ်ဇနီးငယ်အတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ရွှေထူး

ပြည်သူချစ် အနုပညာရှင်များဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အချစ်စစ်တစ်ခုတည်းနဲ့ အရာအားလုံးကို လျစ်လျူရှုပြီး လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာရှင်တွေပီပီ တစ်ယောက်ရဲ့ လိုအပ်ချက်ကိုတစ်ယောက် ဖြည့်စည်းရင်း သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ အခုဆိုရင် (၂) နှစ်တိတိ ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ရွှေထူးကလည်း သူ့ရဲ့ ဂီတလမ်းကြောင်းမှာ အောင်မြင်မှုရရှိဖို့ ကြိုးစားနေသလို ရွှေမှုံရတီကလည်း သူမရဲ့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးရကျိုးနပ်ဖို့ ကြိုးစားနေသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၂) ရက်နေ့မှာတော့ ရွှေမှုံရတီက အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Calcutta International Cult Film Festival မှာ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ တစ်ပတ်အတွင်းမှာ နိုင်ငံခြားက ရုပ်ရှင်ထူးချွန်ဆု (၂) ဆုတိတိ ရရှိခဲ့တာကြောင့် ရွှေထူးက “ထပ်ကြမ်းဂေါ် 🔥🔥🔥” ဆိုပြီး ချစ်ဇနီးလေး ရွှေမှုံရတီအတွက် ဂုဏ်ယူမဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

ရွှေမှုံရတီက ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာလည်း ဘူတန်နိုင်ငံရှိ Druk International Film Festival မှာလည်း “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ပူပူနွေးနွေးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ ရုပ်ရည်ချောမောရုံသာမကပဲ အရည်အချင်းလည်းရှိတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ခွင့်ရတာ အရမ်းကံကောင်းတာပဲနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!