ခြဲစိတ္စရိတ္မရိွလို့ အသက္ဆံုးရႈံးရမလိုျဖစ္ေနတဲ့ ေဆးေက်ာင္းသားအတြက္ အလွဴရွင္မ်ားနဲ့စုေပါင္းျပီး ေငြက်ပ္ သိန္း (၁၅၀) ေက်ာ္ လွဴဒါန္းေပးခဲ့တဲ့ တန္ခြန္ေက်ာ္

Myanmar Idol Season (4) ရဲ့ Wild Card Winner တစ္ေယာက္ျဖစ္တဲ့ တန္ခြန္ေက်ာ္ကေတာ့ Winner ဆုၾကီးနဲ့ လြဲေခ်ာ္ခဲ့ရေပမယ့္ ပရိသတ္ေတြေမတၱာေၾကာင့္ ရရိွခဲ့တဲ့ ဆုၾကီးကိုေတာ့ လက္ဝယ္ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ သီခ်င္းဆုိေကာင္းရံုသာမက စိတ္ထားေကာင္းျပီး ၾကင္နာတတ္တဲ့ တန္ခြန္ေက်ာ္က အခက္အခဲျဖစ္ေနသူေတြကို သူတတ္နိုင္သေလာက္ ကူညီေပးသလို သူကိုယ္တိုင္ နိဗၺာန္ေဆာ္လုပ္ျပီးလည္း အလွဴေငြမ်ားကို ေကာက္ခံျပီး သူတစ္ပါးအက်ိဳးကို သယ္ပိုးေဆာင္ရြက္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း တန္ခြန္ေက်ာ္က ခြဲစိတ္စရိတ္မရိွလို့ အသက္ဆံုးရႈံးရမလိုျဖစ္ေနတဲ့ ေဆးေက်ာင္းသားေလးအတြက္ အလွဴေငြမ်ား လွဴဒါန္းခဲ့ေၾကာင့္ အခုလိုပဲ ေျပာျပလာပါတယ္။

တန္ခြန္ေက်ာ္က ေက်ာက္ကပ္ေရာဂါေဝဒနာကို ဆိုးဆိုးရြားရြားခံစားေနရတဲ့ ေဆးတကၠသိုလ္ေနာက္ဆံုးနွစ္ေက်ာင္းသားေလးအတြက္ တစ္ကမာၻလုံးက ေစတနာရွင္မ်ားနဲ့ စုေပါင္းျပီး အလွဴေငြ သိန္း (၁၅၀) ေက်ာ္ကို လွဴဒါန္းခဲ့ေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။ တန္ခြန္ေက်ာ္က “#ကိုခန္႔မင္းေသာ္ ေက်ာက္ကပ္အစားထိုး ကုသႏိုင္ရန္အတြက္ တစ္ကမာၻလုံးမွ ေစတနာရွင္မ်ား လႉဒါန္းသည့္​ေငြပမာဏ ( 15,005,000 MMK ) အားသြားေရာက္ေပးအပ္လႉဒါန္းခဲ့ပါသည္။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္္နွာမွာ မွ်ေဝေပးလာပါတယ္။

တန္ခြန္ေက်ာ္ကေတာ့ ေဆးတကၠသိုလ္ေက်ာင္းသားေလးရဲ့ အသက္တစ္ေခ်ာင္းကို (၇) ရက္သားသမီး အလွဴရွင္ေတြနဲ့ စုေပါင္းျပီး ကယ္တင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အလွဴရွင္မ်ားနဲ့ တန္ခြန္ေက်ာ္ရဲ့ ကုသိုလ္ေလးအတြက္ ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: TAN KHUN KYAW’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ခွဲစိတ်စရိတ်မရှိလို့ အသက်ဆုံးရှုံးရမလိုဖြစ်နေတဲ့ ဆေးကျောင်းသားအတွက် အလှူရှင်များနဲ့စုပေါင်းပြီး ငွေကျပ် သိန်း (၁၅၀) ကျော် လှူဒါန်းပေးခဲ့တဲ့ တန်ခွန်ကျော်

Myanmar Idol Season (4) ရဲ့ Wild Card Winner တစ်ယောက်ဖြစ်တဲ့ တန်ခွန်ကျော်ကတော့ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ပရိသတ်တွေမေတ္တာကြောင့် ရရှိခဲ့တဲ့ ဆုကြီးကိုတော့ လက်ဝယ်ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သီချင်းဆိုကောင်းရုံသာမက စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ တန်ခွန်ကျော်က အခက်အခဲဖြစ်နေသူတွေကို သူတတ်နိုင်သလောက် ကူညီပေးသလို သူကိုယ်တိုင် နိဗ္ဗာန်ဆော်လုပ်ပြီးလည်း အလှူငွေများကို ကောက်ခံပြီး သူတစ်ပါးအကျိုးကို သယ်ပိုးဆောင်ရွက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း တန်ခွန်ကျော်က ခွဲစိတ်စရိတ်မရှိလို့ အသက်ဆုံးရှုံးရမလိုဖြစ်နေတဲ့ ဆေးကျောင်းသားလေးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြောင့် အခုလိုပဲ ပြောပြလာပါတယ်။

တန်ခွန်ကျော်က ကျောက်ကပ်ရောဂါဝေဒနာကို ဆိုးဆိုးရွားရွားခံစားနေရတဲ့ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားလေးအတွက် တစ်ကမ္ဘာလုံးက စေတနာရှင်များနဲ့ စုပေါင်းပြီး အလှူငွေ သိန်း (၁၅၀) ကျော်ကို လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ တန်ခွန်ကျော်က “#ကိုခန့်မင်းသော် ကျောက်ကပ်အစားထိုး ကုသနိုင်ရန်အတွက် တစ်ကမ္ဘာလုံးမှ စေတနာရှင်များ လှူဒါန်းသည့်ငွေပမာဏ ( 15,005,000 MMK ) အားသွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

တန်ခွန်ကျော်ကတော့ ဆေးတက္ကသိုလ်ကျောင်းသားလေးရဲ့ အသက်တစ်ချောင်းကို (၇) ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းပြီး ကယ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလှူရှင်များနဲ့ တန်ခွန်ကျော်ရဲ့ ကုသိုလ်လေးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: TAN KHUN KYAW’s fb
Bilie – Cele Connections

error: Alert: Content is protected !!