ေဖေဖဦးရင္ဂိုကိုယ္တိုင္ လက္စြမ္းျပညွပ္ေပးခဲ့တဲ့ ဆံပင္စတိုင္လ္အသစ္ကို သေဘာက်ေက်နပ္ေနတဲ့ ဟန္ထူးလြင္

နိုင္ငံေက်ာ္ စတူဒီယိုအဆိုေတာ္ၾကီး ရင္ဂိုကေတာ့ ဒီေန့ဒီအခ်ိန္ထိတိုင္ ပရိသတ္ေတြၾကား လႊမ္းမိုးမႈရိွေနဆဲ အဆိုေတာ္တစ္ေယာက္ ျဖစ္ပါတယ္။ ရင္ဂိုက သူ့ရဲ့ ဂီတအေမြအနွစ္ေတြကို သားျဖစ္သူ ဟန္ထူးလြင္နဲ့ သမီးငယ္ ဟန္ေနလြင္လြင္တို့ နွစ္ေယာက္စလံုးဆီ လက္ဆင့္ကမ္းေပးထားနုိင္ခဲ့တာ ျဖစ္ပါတယ္။ ရင္ဂိုကေတာ့ အခုဆိုရင္ အသက္အရြယ္တစ္ခုေရာက္ရိွေနျပီဆိုေပမယ့္ သူဝါသနာပါတဲ့ သီခ်င္းေတြကို ဆက္လက္သီဆိုရင္း လူငယ္ေတြနဲ့အျပိဳင္ နုပ်ိဳလန္းဆန္းေနဆဲပဲ ျဖစ္ပါတယ္။

အသက္ေတြ ဘယ္ေလာက္ၾကီးၾကီး သားသမီးေတြအေပၚ ကေလးေလးတစ္ေယာက္လိုပဲ ဂရုတစိုက္ရိွတဲ့ ရင္ဂိုက ဒီကေန့မွာလည္း သူ့ရဲ့ သားၾကီး ဟန္ထူးလြင္ကို ကိုယ္တုိင္ဆံပင္ညွပ္ေပးေနတာကို ေတြ့ရပါတယ္။ ဟန္ထူးလြင္ကလည္း သူ့အေဖဆီက ထူးထူးျခားျခား ဆံပင္အညွပ္ခံခဲ့ေၾကာင္းကို သူ့ရဲ့ ကိုယ္ပိုင္ဆံသဆရာဆိုျပီးေတာ့ေတာင္ အရႊန္းေဖာက္ေျပာလာခဲ့ပါတယ္။

ဟန္ထူးလြင္ကေတာ့ ေဖေဖရင္ဂိုညွပ္ေပးတဲ့ ဆံပင္စတုိင္လ္နဲ့ အရမ္းလန္းေနတာပဲေနာ္။ ပရိသတ္ၾကီးလည္း ဟန္ထူးလြင္တို့ သားအဖနွစ္ေယာက္ရဲ့ ရွားရွားပါးပါးပံုရိပ္ေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Han Htue Lwin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖေဖေဦးရင်ဂိုကိုယ်တိုင် လက်စွမ်းပြညှပ်ပေးခဲ့တဲ့ ဆံပင်စတိုင်လ်အသစ်ကို သဘောကျကျေနပ်နေတဲ့ ဟန်ထူးလွင်

နိုင်ငံကျော် စတူဒီယိုအဆိုတော်ကြီး ရင်ဂိုကတော့ ဒီနေ့ဒီအချိန်ထိတိုင် ပရိသတ်တွေကြား လွှမ်းမိုးမှုရှိနေဆဲ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ ရင်ဂိုက သူ့ရဲ့ ဂီတအမွေအနှစ်တွေကို သားဖြစ်သူ ဟန်ထူးလွင်နဲ့ သမီးငယ် ဟန်နေလွင်လွင်တို့ နှစ်ယောက်စလုံးဆီ လက်ဆင့်ကမ်းပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရင်ဂိုကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် သူဝါသနာပါတဲ့ သီချင်းတွေကို ဆက်လက်သီဆိုရင်း လူငယ်တွေနဲ့အပြိုင် နုပျိုလန်းဆန်းနေဆဲပဲ ဖြစ်ပါတယ်။

အသက်တွေ ဘယ်လောက်ကြီးကြီး သားသမီးတွေအပေါ် ကလေးလေးတစ်ယောက်လိုပဲ ဂရုတစိုက်ရှိတဲ့ ရင်ဂိုက ဒီကနေ့မှာလည်း သူ့ရဲ့ သားကြီး ဟန်ထူးလွင်ကို ကိုယ်တိုင်ဆံပင်ညှပ်ပေးနေတာကို တွေ့ရပါတယ်။ ဟန်ထူးလွင်ကလည်း သူ့အဖေဆီက ထူးထူးခြားခြား ဆံပင်အညှပ်ခံခဲ့ကြောင်းကို သူ့ရဲ့ ကိုယ်ပိုင်ဆံသဆရာဆိုပြီးတော့တောင် အရွှန်းဖောက်ပြောလာခဲ့ပါတယ်။

ဟန်ထူးလွင်ကတော့ ဖေဖေရင်ဂိုညှပ်ပေးတဲ့ ဆံပင်စတိုင်လ်နဲ့ အရမ်းလန်းနေတာပဲနော်။ ပရိသတ်ကြီးလည်း ဟန်ထူးလွင်တို့ သားအဖနှစ်ယောက်ရဲ့ ရှားရှားပါးပါးပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Han Htue Lwin’s fb
Bilie – Cele Connections

error: Alert: Content is protected !!