အိႏၵိယကေနျပီး ရုပ္ရွင္ထူးခြ်န္ဆုတစ္ဆုကို ထပ္မံဆြတ္ခူးနိုင္ခဲ့တဲ့အတြက္ လက္ဦးဆရာ အကယ္ဒမီလူမင္းကို ေက်းဇူးတင္စကားေျပာလာတဲ့ ေရႊမႈံရတီ

နုိင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေရႊမႈံရတီကေတာ့ အသက္ (၁၇) နွစ္အရြယ္ကတည္းကေန “အနုပညာပ်ိဳးခင္း” ရဲ့ မင္းသမီးတစ္လက္ျဖစ္လို့လာတာပဲ ျဖစ္ပါတယ္။ ေရႊမႈံရတီကေတာ့ သူမရဲ့ အနုပညာသက္တမ္း (၉) နွစ္အတြင္းမွာ ရုပ္ရွင္ဇာတ္ကားၾကီးေတြနဲ့ ဗီဒီယိုဇာတ္ကားေတြမ်ားစြာမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ထိပ္တန္းမင္းသမီးဆိုတဲ့ ေနရာကို ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ လူငယ္ေပမယ့္ အနုပညာဗီဇၾကီးမားလြန္းတဲ့ ေရႊမႈံရတီကေတာ့ ဒီကေန့မွာလည္း အိႏၵိယႏိုင္ငံ ကာလကတၱားၿမိဳ႕တြင္ က်င္းပေသာ ၄၅ႀကိမ္ေျမာက္ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ျဖစ္သည့္ 45th season of Calcutta International Cult Film Festival (September 2020) Competition မွာ “နု့ိဘီလူး” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ပို့ဆုကို ရရိွခဲ့ျပန္ပါျပီ။

တစ္လအတြင္းမွာ နိုင္ငံတကာ ရုပ္ရွင္ထူးခြ်န္ဆု (၂) ဆုကို ပိုင္ဆိုင္နိုင္ခဲ့တဲ့ ေရႊမႈံရတီကေတာ့ “နု့ိဘီလူး” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ ပက္သတ္ျပီး ပရိသတ္ေတြနဲ့တကြ ေက်းဇူးတင္ထိုက္သူမ်ားကို အခုလိုပဲ ေက်းဇူးတင္စကားေျပာလာပါတယ္။ “သဲ India 🇮🇳 မွာဆုထပ္ရတယ္တဲ့ … သဲကိုအားေပးၾကတဲ့ သဲကို ခ်စ္ၾကတဲ့ ပရိသတ္ေတြမိတ္ေဆြ ညီအကိုေမာင္ႏွမေတြကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္ … သမီးရဲ႕ဆရာ Uncle Lay ကိုလည္းေက်းဇူးတင္ပါတယ္ 🙏🏻🙏🏻🙏🏻 ပါဝင္ခြင့္ေပးတဲ့ ေအာင္သီရိ ႐ုပ္ရွင္ထုတ္လုပ္ေရးကိုလည္းေက်းဇူးအမ်ားႀကီးတင္ပါတယ္ 🙏🏻🙏🏻🙏🏻 သဲအမ်ားႀကီးႀကိဳးစားပါဦးမယ္ရွင့္ ❤️❤️❤️” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာတာပဲ ျဖစ္ပါတယ္။

ေရႊမႈံရတီကေတာ့ ဒါရိုက္တာ လူမင္းရဲ့ “နုိ့ဘီလူး” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ နိုင္ငံတကာ ရုပ္ရွင္ထူးခြ်န္ဆုကို (၂) ၾကိမ္တိတိ ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေရႊမႈံေလးအတြက္ ဝမ္းသာဂုဏ္ယူစကား ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိန္ဒိယကနေပြီး ရုပ်ရှင်ထူးချွန်ဆုတစ်ဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့အတွက် လက်ဦးဆရာ အကယ်ဒမီလူမင်းကို ကျေးဇူးတင်စကားပြောလာတဲ့ ရွှေမှုံရတီ

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီကတော့ အသက် (၁၇) နှစ်အရွယ်ကတည်းကနေ “အနုပညာပျိုးခင်း” ရဲ့ မင်းသမီးတစ်လက်ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ သူမရဲ့ အနုပညာသက်တမ်း (၉) နှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိပ်တန်းမင်းသမီးဆိုတဲ့ နေရာကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လူငယ်ပေမယ့် အနုပညာဗီဇကြီးမားလွန်းတဲ့ ရွှေမှုံရတီကတော့ ဒီကနေ့မှာလည်း အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ကျင်းပသော ၄၅ကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်သည့် 45th season of Calcutta International Cult Film Festival (September 2020) Competition မှာ “နု့ိဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပြန်ပါပြီ။

တစ်လအတွင်းမှာ နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆု (၂) ဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရွှေမှုံရတီကတော့ “နု့ိဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပက်သတ်ပြီး ပရိသတ်တွေနဲ့တကွ ကျေးဇူးတင်ထိုက်သူများကို အခုလိုပဲ ကျေးဇူးတင်စကားပြောလာပါတယ်။ “သဲ India 🇮🇳 မှာဆုထပ်ရတယ်တဲ့ … သဲကိုအားပေးကြတဲ့ သဲကို ချစ်ကြတဲ့ ပရိသတ်တွေမိတ်ဆွေ ညီအကိုမောင်နှမတွေကိုကျေးဇူးအများကြီးတင်ပါတယ်နော် … သမီးရဲ့ဆရာ Uncle Lay ကိုလည်းကျေးဇူးတင်ပါတယ် 🙏🏻🙏🏻🙏🏻 ပါဝင်ခွင့်ပေးတဲ့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ် 🙏🏻🙏🏻🙏🏻 သဲအများကြီးကြိုးစားပါဦးမယ်ရှင့် ❤️❤️❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ ဒါရိုက်တာ လူမင်းရဲ့ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုကို (၂) ကြိမ်တိတိ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံလေးအတွက် ဝမ်းသာဂုဏ်ယူစကား ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections

error: Alert: Content is protected !!