ဇာတ္ပို့သရုပ္ေဆာင္ K ညီရဲ့ သားေလးေတြကို သတိရေနလို့ဆိုျပီး K ညီတို့ သားအဖေတြရဲ့ Live ကို အစအဆံုးၾကည့္ျပီး ေကာမန့္ေတြေပးခဲ့တဲ့ ေနတိုး

ႏိုင္ငံေက်ာ္မင္းသားတစ္ဦးျဖစ္တဲ့ ေနတိုးက သ႐ုပ္ေဆာင္တဲ့ေနရာမွာ ဝါရင့္သမၻာရင့္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တာနဲ႔အညီ က်ရာဇာတ္႐ုပ္ကို တိတိက်က် စိတ္ႏွစ္ၿပီး သ႐ုပ္ေဆာင္ႏိုင္သူပါ။ အဲ့ဒါေၾကာင့္လည္း အႏုပညာသက္တမ္း နွစ္နွစ္ဆယ္အတြင္းမွာ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွခဲ့သလို လုပ္ေဖာ္ကိုင္ဖက္ ညီအစ္ကိုေမာင္နွမေတြနဲ့လည္း မိသားစုသဖြယ္ ရင္းနွီးခဲ့တာပဲ ျဖစ္ပါတယ္။ အနုပညာအသိုင္းအဝိုင္းတစ္ခုလံုးကလည္း အေနေအးျပီး တည္ၾကည္လြန္းတဲ့ ေနတိုးကို ခ်စ္ခင္ေလးစားၾကတာ ျဖစ္ပါတယ္။

အသက္ေလးဆယ္နီးပါးအရြယ္အထိ အိမ္ေထာင္မျပဳေသးပဲ တစ္ကိုတည္း လူပ်ိဳၾကီးအျဖစ္ အရိုးထုတ္ေနတဲ့ ေနတိုးက ကေလးခ်စ္တတ္သူပီပီ ကေလးသရုပ္ေဆာင္ေတြနဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ့ သားသမီးေတြကို သူ့ရဲ့ သားသမီးေလးေတြလုိပဲ ခ်စ္ခင္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း ေနတိုးက သူနဲ့ ဇာတ္ကားေတြ အမ်ားၾကီးရိုက္ခဲ့ဖူးတဲ့ ဇာတ္ပို့သရုပ္ေဆာင္ K ညီရဲ့ သားေလးေတြကို သတိရေနလို့ဆိုျပီး K ညီတို့ သားအဖေတြရဲ့ Live ကို အစအဆံုးၾကည့္ျပီး ေကာမန့္ေတြ ေပးခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။

K ညီကလည္း သူ့ရဲ့ သားေလးေတြကို ခ်စ္ေပးရွာတဲ့ မင္းသားေခ်ာ ေနတိုးရဲ့အေၾကာင္းကို တဖြဖြေျပာတာ ပရိသတ္ၾကီးလည္း ေတြ့ရမွာ ျဖစ္ပါတယ္။ ဇာတ္ပို့သရုပ္ေဆာင္နဲ့ မင္းသားရဲ့ အျပန္အလွန္ေမတၱာကေတာ့ ေလးစားစရာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: K Nyi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဇာတ်ပို့သရုပ်ဆောင် K ညီရဲ့ သားလေးတွေကို သတိရနေလို့ဆိုပြီး K ညီတို့ သားအဖတွေရဲ့ Live ကို အစအဆုံးကြည့်ပြီး ကောမန့်တွေပေးခဲ့တဲ့ နေတိုး

နိုင်ငံကျော်မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်တဲ့နေရာမှာ ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်တစ်ဦးဖြစ်တာနဲ့အညီ ကျရာဇာတ်ရုပ်ကို တိတိကျကျ စိတ်နှစ်ပြီး သရုပ်ဆောင်နိုင်သူပါ။ အဲ့ဒါကြောင့်လည်း အနုပညာသက်တမ်း နှစ်နှစ်ဆယ်အတွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမတွေနဲ့လည်း မိသားစုသဖွယ် ရင်းနှီးခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း အနေအေးပြီး တည်ကြည်လွန်းတဲ့ နေတိုးကို ချစ်ခင်လေးစားကြတာ ဖြစ်ပါတယ်။

အသက်လေးဆယ်နီးပါးအရွယ်အထိ အိမ်ထောင်မပြုသေးပဲ တစ်ကိုတည်း လူပျိုကြီးအဖြစ် အရိုးထုတ်နေတဲ့ နေတိုးက ကလေးချစ်တတ်သူပီပီ ကလေးသရုပ်ဆောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သားသမီးတွေကို သူ့ရဲ့ သားသမီးလေးတွေလိုပဲ ချစ်ခင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း နေတိုးက သူနဲ့ ဇာတ်ကားတွေ အများကြီးရိုက်ခဲ့ဖူးတဲ့ ဇာတ်ပို့သရုပ်ဆောင် K ညီရဲ့ သားလေးတွေကို သတိရနေလို့ဆိုပြီး K ညီတို့ သားအဖတွေရဲ့ Live ကို အစအဆုံးကြည့်ပြီး ကောမန့်တွေ ပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

K ညီကလည်း သူ့ရဲ့ သားလေးတွေကို ချစ်ပေးရှာတဲ့ မင်းသားချော နေတိုးရဲ့အကြောင်းကို တဖွဖွပြောတာ ပရိသတ်ကြီးလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်နဲ့ မင်းသားရဲ့ အပြန်အလှန်မေတ္တာကတော့ လေးစားစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: K Nyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!