မၾကာခင္ တစ္အိုးတစ္အိမ္တည္ေထာင္ေတာ့မွာမို့ ေမေမအထီးက်န္ဝမ္းမနည္းရေအာင္ တစ္ေနကုန္အခ်ိန္ေပးေလွ်ာက္လည္ခဲ့တဲ့ စည္ျဖိဳး

မင္းသားေခ်ာ စည္ျဖိဳးကေတာ့ ဝတ္မႈံေရႊရည္နဲ့အတူတူ သရုပ္ေဆာင္ခဲ့တဲ့ ေၾကာ္ျငာေလးကတဆင့္ လူသိမ်ားလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ စည္ျဖိဳးက ဗီဒီယိုဇာတ္ကားေတြအျပင္ ရုပ္ရွင္နဲ့ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သရုပ္ေဆာင္ရင္း သီခ်င္းေတြကိုလည္း သီဆိုလာတာကို ေတြ့ရပါတယ္။ စည္ျဖိဳးကေတာ့ သူဝါသနာပါတဲ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို တစ္ဖက္မွာလည္း စီးပြားေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

မၾကာခင္ရက္ပိုင္းအတြင္းကမွ လက္ထပ္ထားခဲ့တဲ့ စည္ျဖိဳးက အခုဆိုရင္ တစ္အုိးတစ္အိမ္ တည္ေထာင္ထားျပီဆိုေပမယ့္ ခ်စ္ဇနီးအေပၚ တာဝန္ေက်သလို တစ္သက္လံုးအတူတူ ေနခဲ့တဲ့ မိဘေတြအေပၚမွာလည္း ဝတၱရားမပ်က္တဲ့ သားေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ စည္ျဖိဳးက “မိန္းမကိုထားခဲ႕ျပီး ဒီေကာင္မေလးနဲ႕တစ္ေနကုန္ေလ်ွာက္လည္လိုက္တယ္…” ဆိုျပီး ေမေမနဲ့အတူတူ ေလွ်ာက္လည္ခဲ့တဲ့ အမွတ္တရေလးကို သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

စည္ျဖိဳးကေတာ့ သူ့ရဲ့မိဘေတြဆီက အဆင့္ျမင့္ေနအိမ္တစ္လုံးကို မဂၤလာလက္ဖြဲ့ရရိွခဲ့ျပီး မၾကာခင္အခ်ိန္အတြင္းမွာပဲ သူတို့ရဲ့ အိမ္ေလးကို ေျပာင္းေရႊ့ေတာ့မွာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးကေတာ့ အိမ္ေထာင္သည္ၾကီးျဖစ္သြားျပီဆိုေပမယ့္ သူ့ရဲ့အေဖနဲ့ အေမကို မခြဲနိုင္ေသးတာ ပရိသတ္ၾကီး သတိထားမိၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Si Phyo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မကြာခင် တစ်အိုးတစ်အိမ်တည်ထောင်တော့မှာမို့ မေမေအထီးကျန်ဝမ်းမနည်းရအောင် တစ်နေကုန်အချိန်ပေးလျှောက်လည်ခဲ့တဲ့ စည်ဖြိုး

မင်းသားချော စည်ဖြိုးကတော့ ဝတ်မှုံရွှေရည်နဲ့အတူတူ သရုပ်ဆောင်ခဲ့တဲ့ ကြော်ငြာလေးကတဆင့် လူသိများလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ စည်ဖြိုးက ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သီချင်းတွေကိုလည်း သီဆိုလာတာကို တွေ့ရပါတယ်။ စည်ဖြိုးကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းကမှ လက်ထပ်ထားခဲ့တဲ့ စည်ဖြိုးက အခုဆိုရင် တစ်အိုးတစ်အိမ် တည်ထောင်ထားပြီဆိုပေမယ့် ချစ်ဇနီးအပေါ် တာဝန်ကျေသလို တစ်သက်လုံးအတူတူ နေခဲ့တဲ့ မိဘတွေအပေါ်မှာလည်း ဝတ္တရားမပျက်တဲ့ သားကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စည်ဖြိုးက “မိန်းမကိုထားခဲ့ပြီး ဒီကောင်မလေးနဲ့တစ်နေကုန်လျှောက်လည်လိုက်တယ်…” ဆိုပြီး မေမေနဲ့အတူတူ လျှောက်လည်ခဲ့တဲ့ အမှတ်တရလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

စည်ဖြိုးကတော့ သူ့ရဲ့မိဘတွေဆီက အဆင့်မြင့်နေအိမ်တစ်လုံးကို မင်္ဂလာလက်ဖွဲ့ရရှိခဲ့ပြီး မကြာခင်အချိန်အတွင်းမှာပဲ သူတို့ရဲ့ အိမ်လေးကို ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။ စည်ဖြိုးကတော့ အိမ်ထောင်သည်ကြီးဖြစ်သွားပြီဆိုပေမယ့် သူ့ရဲ့အဖေနဲ့ အမေကို မခွဲနိုင်သေးတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Si Phyo’s fb
Bilie – Cele Connections

error: Alert: Content is protected !!