မိဘနွစ္ပါးရဲ့ မဂၤလာသက္တမ္း နွစ္ (၅၀) ျပည့္ ေရႊရတုအမွတ္တရအေနနဲ့ သံဃာအပါး (၆၀၀) ကို ဆြမ္းဆန္စိမ္းလွဴဒါန္းခဲ့တဲ့ စိုးျမတ္သူဇာ

မၾကီးစိုးလို့ ပရိသတ္ေတြက ခ်စ္စနိုးနဲ့ေခၚၾကတဲ့ မင္းသမီးေခ်ာ စိုးျမတ္သူဇာကေတာ့ သရုပ္ေဆာင္ျဖစ္ေစခ်င္တဲ့ ေမေမ့ရဲ့ဆႏၵအတိုင္း အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ျပီးေနာက္ အခုအခ်ိန္ထိ ေအာင္ျမင္မႈေတြ တဖြဲဖြဲရရိွပိုင္ဆိုင္ေနသူ ျဖစ္ပါတယ္။ စိုးျမတ္သူဇာကေတာ့ သူမရဲ့ အနုပညာသက္တမ္း နွစ္သံုးဆယ္ေက်ာ္အတြင္းမွာ အကယ္ဒမီဆုၾကီးနွစ္ဆုကိုလည္း လက္ဝယ္ပိုင္ဆိုင္ထားျပီး ယေန့ထိတိုင္ ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွေနဆဲ ျဖစ္ပါတယ္။ အိမ္ေထာင္ကြဲျပီးေနာက္ပိုင္း မိဘေတြအနားမွာသာ လုပ္ေကြ်းျပဳစုေနတဲ့ စိုးျမတ္သူဇာက ဒီကေန့မွာလည္း မိဘနွစ္ပါးရဲ့ မဂၤလာသက္တမ္း နွစ္ (၅၀) ျပည့္ ေရႊရတုအမွတ္တရအေနနဲ့ အလွဴေလးတစ္ခုကို ျပဳလုပ္ခဲ့ေပးတာပဲ ျဖစ္ပါတယ္။

စိုးျမတ္သူဇာက “ဒီ​ေန႔​ေတာ့ အ​ေဖနဲ႔ အ​ေမတို့ ႏွစ္၅၀ျပည့္ ​ေရႊရတုအမွတ္တရအ​ေနနဲ႔ မႀကီးေမြးေန႔တိုင္း ဆြမ္းေလာင္းေနတဲ့ ဘုန္းႀကီး​ေက်ာင္း (၁၀) ေက်ာင္းက သံဃာအပါး ၆၀၀ အတြက္ဆြမ္းဆန္ လွူဒါန္းျဖစ္တယ္ 🙏 Covid ကာလ အလွူရွင္လည္း အမ်ားႀကီး မရွိတာမို့ ၊ ဆြမ္းအတြက္ ဆန္နဲ႔ပဲအျပင္ အခ်ိဳပြဲအတြက္ မႀကီးနဲ႔အတူ ပါရမီျဖည့္ေနက်ျဖစ္တဲ့ Nice Food က ဘတ္တာကိတ္မုန္႔ဘူး​ေတြ၊ အထားခံတဲ့ ကိတ္​ေျခာက္၊ မုန္႔ႂကြပ္၊ မ​ေရြးစတဲ့ မုန္႔​ေတြအစုံ လွဴျဖစ္ခဲ့တယ္။ မိဘေတြကို ခုခ်ိန္ထိ မႀကီး ျပည့္ျပည့္စုံစုံ ေစာင့္ေရွာက္ႏိုင္တာ ပရိသတ္ေတြ ခုထိ မၾကီးကို ခ်စ္ေနၾကလို႔ပါ။ ဒါ့ေၾကာင့္ အခုလွဴတဲ့ အလွဴဒါနကို မႀကီးပရိသတ္​ေတြအတြက္ အမၽွ​​ေပးပါတယ္​ေနာ္။ ခ်စ္တယ္ ❤️❤️❤️” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

စိုးျမတ္သူဇာကေတာ့ မိသားစုၾကီး သမီးၾကီးပီပီ မိဘနွစ္ပါး အားကိုးအားထားျပဳရတဲ့ သမီးျဖစ္သလို ေမာင္ေလး၊ ညီမေလးေတြအတြက္လည္း အၾကီးပီသသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စိုးျမတ္သူဇာရဲ့ ကုသိုလ္ေလးအတြက္ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Soe Myat Thuzar’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိဘနှစ်ပါးရဲ့ မင်္ဂလာသက်တမ်း နှစ် (၅၀) ပြည့် ရွှေရတုအမှတ်တရအနေနဲ့ သံဃာအပါး (၆၀၀) ကို ဆွမ်းဆန်စိမ်းလှူဒါန်းခဲ့တဲ့ စိုးမြတ်သူဇာ

မကြီးစိုးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချော စိုးမြတ်သူဇာကတော့ သရုပ်ဆောင်ဖြစ်စေချင်တဲ့ မေမေ့ရဲ့ဆန္ဒအတိုင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက် အခုအချိန်ထိ အောင်မြင်မှုတွေ တဖွဲဖွဲရရှိပိုင်ဆိုင်နေသူ ဖြစ်ပါတယ်။ စိုးမြတ်သူဇာကတော့ သူမရဲ့ အနုပညာသက်တမ်း နှစ်သုံးဆယ်ကျော်အတွင်းမှာ အကယ်ဒမီဆုကြီးနှစ်ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပြီး ယနေ့ထိတိုင် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိနေဆဲ ဖြစ်ပါတယ်။ အိမ်ထောင်ကွဲပြီးနောက်ပိုင်း မိဘတွေအနားမှာသာ လုပ်ကျွေးပြုစုနေတဲ့ စိုးမြတ်သူဇာက ဒီကနေ့မှာလည်း မိဘနှစ်ပါးရဲ့ မင်္ဂလာသက်တမ်း နှစ် (၅၀) ပြည့် ရွှေရတုအမှတ်တရအနေနဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပေးတာပဲ ဖြစ်ပါတယ်။

စိုးမြတ်သူဇာက “ဒီနေ့တော့ အဖေနဲ့ အမေတို့ နှစ်၅၀ပြည့် ရွှေရတုအမှတ်တရအနေနဲ့ မကြီးမွေးနေ့တိုင်း ဆွမ်းလောင်းနေတဲ့ ဘုန်းကြီးကျောင်း (၁၀) ကျောင်းက သံဃာအပါး ၆၀၀ အတွက် ဆွမ်းဆန် လှူဒါန်းဖြစ်တယ် 🙏 Covid ကာလ အလှူရှင်လည်း အများကြီး မရှိတာမို့ ၊ ဆွမ်းအတွက် ဆန်နဲ့ပဲအပြင် အချိုပွဲအတွက် မကြီးနဲ့အတူ ပါရမီဖြည့်နေကျဖြစ်တဲ့ Nice Food က ဘတ်တာကိတ်မုန့်ဘူးတွေ၊ အထားခံတဲ့ ကိတ်ခြောက်၊ မုန့်ကြွပ်၊ မရွေးစတဲ့ မုန့်တွေအစုံ လှူဖြစ်ခဲ့တယ်။ မိဘတွေကို ခုချိန်ထိ မကြီး ပြည့်ပြည့်စုံစုံ စောင့်ရှောက်နိုင်တာ ပရိသတ်တွေ ခုထိ မကြီးကို ချစ်နေကြလို့ပါ။ ဒါ့ကြောင့် အခုလှူတဲ့ အလှူဒါနကို မကြီးပရိသတ်တွေအတွက် အမျှပေးပါတယ်နော်။ ချစ်တယ် ❤️❤️❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

စိုးမြတ်သူဇာကတော့ မိသားစုကြီး သမီးကြီးပီပီ မိဘနှစ်ပါး အားကိုးအားထားပြုရတဲ့ သမီးဖြစ်သလို မောင်လေး၊ ညီမလေးတွေအတွက်လည်း အကြီးပီသသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးမြတ်သူဇာရဲ့ ကုသိုလ်လေးအတွက် သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Soe Myat Thuzar’s fb
Bilie – Cele Connections

error: Alert: Content is protected !!