ခ်စ္သက္တမ္း (၁၅၀၀) ျပည့္ေန့မွာ ခ်စ္ဇနီးေလးျမတ္ရတနာေက်ာ္အတြက္ ရည္ရြယ္ျပီး သီခ်င္းသစ္တစ္ပုဒ္ဖန္တီးခဲ့တဲ့ Ah Boy

Rap သီခ်င္းေတြကို သီဆိုတတ္တဲ့ အဆိုေတာ္ Ah Boy ကေတာ့ Rock Star အဖြဲ့ကေန Underground မွာ က်င္လည္ခဲ့ျပီးေနာက္ လူသိမ်ားလာခဲ့သူပဲ ျဖစ္ပါတယ္။ Ah Boy က ျပီးခဲ့တဲ့နွစ္ေတြမွာ စီးပြားေရးလုပ္ငန္းေတြကိုသာ ဦးစီးျပီးလုပ္ကိုင္ေနတာေၾကာင့္ ဂီတေလာကနဲ့ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာျဖစ္ျပီး ျပီးခဲ့တဲ့လပိုင္းအတြင္းကမွ သီခ်င္းေတြကို ျပန္လည္သီဆိုျပီး တစ္ေၾကာ့ျပန္ေအာင္ျမင္လာခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့ နိုဝင္ဘာလ (၁၁) ရက္ေန့မွာလည္း Ah Boy က Galaxy Star သီခ်င္းဆိုျပိဳင္ပြဲက Key နဲ့အတူတူ “ေက်းကြ်န္” ဆိုတဲ့ သီခ်င္းသစ္တစ္ပုဒ္ကို ထုတ္လုပ္လာခဲ့ပါတယ္။

“ေက်းကြ်န္” သီခ်င္းေလးက ျမတ္ရတနာေက်ာ္အတြက္ ရည္ရြယ္ထားေၾကာင္းကို Ah Boy က “သူမတစ္ေယာက္တည္းကို ျမတ္ျမတ္ႏိုးႏိုးနဲ႔ ခ်စ္လာခဲ့တာ ဒီေန႔မွာ ရက္ေပါင္း ၁၅၀၀ ရွိလာခဲ့ပါၿပီ။ အရာရာကို နားလည္မႈေတြနဲ႔ ေပ်ာ္႐ႊင္စရာေန႔ရက္ေပါင္း ၁၅၀၀ ျဖစ္ေအာင္လည္း ဖန္တီးေပးခဲ့တဲ့အတြက္ ေက်းဇူးအထူးပါ မိန္းမေရ။ ဒီလိုေန႔ေလးအတြက္ Anniversary Gift အေနနဲ႔ သူမအတြက္ရည္႐ြယ္ၿပီး ဖန္တီးခဲ့တဲ့ သီခ်င္းေလးပါ။ ” ဆိုျပီး သီခ်င္းသစ္ေလးက ခ်စ္သက္တမ္း (၁၅၀၀) ျပည့္ေန့မွာ ခ်စ္ဇနီးေလးျမတ္ရတနာေက်ာ္အတြက္ Anniversary Gift ေလးျဖစ္ေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။

Ah Boy ကေတာ့ “ေက်းကြ်န္” ဆိုတဲ့ သီခ်င္းသစ္ေလးမွာ ျမတ္ရတနာေက်ာ္ ေၾကြသြားေလာက္ေစမယ့္ သီခ်င္းစာသားေတြကိုပါ ထည့္သြင္းသီဆိုထားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ဒီကေန့ထြက္တဲ့ Ah Boy နဲ့ Key တို့ရဲ့ “ေက်းကြ်န္” သီခ်င္းေလးကို နားဆင္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Our Travel Diaries’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်သက်တမ်း (၁၅၀၀) ပြည့်နေ့မှာ ချစ်ဇနီးလေးမြတ်ရတနာကျော်အတွက် ရည်ရွယ်ပြီး သီချင်းသစ်တစ်ပုဒ်ဖန်တီးခဲ့တဲ့ Ah Boy

Rap သီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် Ah Boy ကတော့ Rock Star အဖွဲ့ကနေ Underground မှာ ကျင်လည်ခဲ့ပြီးနောက် လူသိများလာခဲ့သူပဲ ဖြစ်ပါတယ်။ Ah Boy က ပြီးခဲ့တဲ့နှစ်တွေမှာ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစီးပြီးလုပ်ကိုင်နေတာကြောင့် ဂီတလောကနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းကမှ သီချင်းတွေကို ပြန်လည်သီဆိုပြီး တစ်ကြော့ပြန်အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၁) ရက်နေ့မှာလည်း Ah Boy က Galaxy Star သီချင်းဆိုပြိုင်ပွဲက Key နဲ့အတူတူ “ကျေးကျွန်” ဆိုတဲ့ သီချင်းသစ်တစ်ပုဒ်ကို ထုတ်လုပ်လာခဲ့ပါတယ်။

“ကျေးကျွန်” သီချင်းလေးက မြတ်ရတနာကျော်အတွက် ရည်ရွယ်ထားကြောင်းကို Ah Boy က “သူမတစ်ယောက်တည်းကို မြတ်မြတ်နိုးနိုးနဲ့ ချစ်လာခဲ့တာ ဒီနေ့မှာ ရက်ပေါင်း ၁၅၀၀ ရှိလာခဲ့ပါပြီ။ အရာရာကို နားလည်မှုတွေနဲ့ ပျော်ရွှင်စရာနေ့ရက်ပေါင်း ၁၅၀၀ ဖြစ်အောင်လည်း ဖန်တီးပေးခဲ့တဲ့အတွက် ကျေးဇူးအထူးပါ မိန်းမရေ။ ဒီလိုနေ့လေးအတွက် Anniversary Gift အနေနဲ့ သူမအတွက်ရည်ရွယ်ပြီး ဖန်တီးခဲ့တဲ့ သီချင်းလေးပါ။ ” ဆိုပြီး သီချင်းသစ်လေးက ချစ်သက်တမ်း (၁၅၀၀) ပြည့်နေ့မှာ ချစ်ဇနီးလေးမြတ်ရတနာကျော်အတွက် Anniversary Gift လေးဖြစ်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

Ah Boy ကတော့ “ကျေးကျွန်” ဆိုတဲ့ သီချင်းသစ်လေးမှာ မြတ်ရတနာကျော် ကြွေသွားလောက်စေမယ့် သီချင်းစာသားတွေကိုပါ ထည့်သွင်းသီဆိုထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ထွက်တဲ့ Ah Boy နဲ့ Key တို့ရဲ့ “ကျေးကျွန်” သီချင်းလေးကို နားဆင်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Our Travel Diaries’s fb
Bilie – Cele Connections

error: Alert: Content is protected !!