ကိုယ့္ကိုကိုယ္ယံုၾကည္မႈအျပည့္နဲ့ အဆီ၊ အေခါက္ေတြအထင္းသားေပၚေနတဲ့ ဓာတ္ပံုကို တင္ခဲ့ျပီး Body Shaming လုပ္သူေတြကို စိန္ေခၚခဲ့တဲ့ ေနျခည္ဦး

သရုပ္ေဆာင္ ေနျခည္ဦးကေတာ့ ေခတ္လူငယ္တစ္ေယာက္ပီပီ တက္တက္ၾကြၾကြ သြက္သြက္လက္လက္နဲ့ ခ်စ္စရာေကာင္းသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက သူမရဲ့ ျဖစ္တည္မႈနဲ့ ပက္သတ္ျပီး အကုန္လံုးကို ပြင့္ပြင့္လင္းလင္းခ်ျပထားသလို မ်က္နွာကို ခြဲစိတ္ျပဳျပင္မႈေတြ ျပဳလုပ္တဲ့အထိကို ဖံုးကြယ္ထားျခင္းမရိွသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္ ေအာင္ျမင္တဲ့ အနုပညာရွင္တစ္ေယာက္ပီပီ အနည္းနဲ့အမ်ား ေဝဖန္မႈေတြရိွတဲ့ ေနျခည္ဦးက ဒီကေန့မွာလည္း သူမကုိယ္တုိင္တင္ထားတဲ့ ဓာတ္ပံုတစ္ပံုနဲ့ Body Shaming လုပ္ခံေနရတာပဲ ျဖစ္ပါတယ္။

ေနျခည္ဦးက သူမရဲ့ လက္ေမာင္းနဲ့ ဗုိက္က အဆီေတြကို ေလွ်ာ့ခ်ဖို့အတြက္ ကိုယ္ေန့တိုင္းစားတဲ့ အစားအေသာက္ေတြနဲ့ပဲ ဆင္ဆင္ျခင္ျခင္ေလွ်ာ့စားဖို့ Challenge ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ့ေသာ ေဝဖန္သူေတြကေတာ့ ေနျခည့္ရဲ့ခႏၶာကိုယ္ကို ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ေနျခည္ဦးက “Body Shaming လုပ္ေသာ comment မ်ားဖတ္ခ်င္ရင္ comment မွာၾကည့္ပါ။ ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိေသာ မိန္းကေလးကိုၾကည့္ခ်င္ရင္ ဓါတ္ပုံကိုၾကည့္ပါ။ I challenge You. You challenge Me!! Lets see who wins in 7days ” ဆိုျပီး ေဝဖန္သူေတြကို စိန္ေခၚခဲ့ပါတယ္။

ေနျခည္ကေတာ့ (၇) ရက္ဆိုတဲ့အခ်ိန္အတြင္းမွာ သူမရဲ့ အဆီပိုေတြကို ေလွ်ာ့ခ်ဖို့ ၾကိဳးစားသြားမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးက ေနာက္ (၇) ရက္မွာ ေနျခည္တစ္ေယာက္ ဘယ္လုိေတြေျပာင္းလဲသြားမလဲဆိုတာ ေစာင့္ၾကည့္ေပးၾကဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Nay Chi Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ အဆီ၊ အခေါက်တွေအထင်းသားပေါ်နေတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး Body Shaming လုပ်သူတွေကို စိန်ခေါ်ခဲ့တဲ့ နေခြည်ဦး

သရုပ်ဆောင် နေခြည်ဦးကတော့ ခေတ်လူငယ်တစ်ယောက်ပီပီ တက်တက်ကြွကြွ သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ ဖြစ်တည်မှုနဲ့ ပက်သတ်ပြီး အကုန်လုံးကို ပွင့်ပွင့်လင်းလင်းချပြထားသလို မျက်နှာကို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်တဲ့အထိကို ဖုံးကွယ်ထားခြင်းမရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ အနည်းနဲ့အများ ဝေဖန်မှုတွေရှိတဲ့ နေခြည်ဦးက ဒီကနေ့မှာလည်း သူမကိုယ်တိုင်တင်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ Body Shaming လုပ်ခံနေရတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးက သူမရဲ့ လက်မောင်းနဲ့ ဗိုက်က အဆီတွေကို လျှော့ချဖို့အတွက် ကိုယ်နေ့တိုင်းစားတဲ့ အစားအသောက်တွေနဲ့ပဲ ဆင်ဆင်ခြင်ခြင်လျှော့စားဖို့ Challenge ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သော ဝေဖန်သူတွေကတော့ နေခြည့်ရဲ့ခန္ဓာကိုယ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် နေခြည်ဦးက “Body Shaming လုပ်သော comment များဖတ်ချင်ရင် comment မှာကြည့်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသော မိန်းကလေးကိုကြည့်ချင်ရင် ဓါတ်ပုံကိုကြည့်ပါ။ I challenge You. You challenge Me!! Lets see who wins in 7days ” ဆိုပြီး ဝေဖန်သူတွေကို စိန်ခေါ်ခဲ့ပါတယ်။

နေခြည်ကတော့ (၇) ရက်ဆိုတဲ့အချိန်အတွင်းမှာ သူမရဲ့ အဆီပိုတွေကို လျှော့ချဖို့ ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးက နောက် (၇) ရက်မှာ နေခြည်တစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်ပေးကြဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Chi Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!