



Source: Phway Phway’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုဗစ်ကြီးပြီးရင်လှလှလေးကျန်ရစ်ခဲ့အောင် နေအိမ်မှာ အားကစားပုံမှန်လုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားတဲ့ ဖွေးဖွေး

တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ “လက်ပံ”၊ “ကျွန်မကနှင်းဆီပါမောင်”၊ “ရွှေကြာ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆု သုံးဆုတိတိကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက လက်ရှိမှာလည်း သူမချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ ကြိုးစားနေလျက်ရှိပါတယ်။ နိုင်ငံကျော် မင်းသမီးတစ်ယောက်ပီပီ သူမရဲ့ လှုပ်ရှားမှုတွေ ဖြစ်တည်မှုတွေအားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခြင်းခံရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ ဖွေးဖွေးကတော့ အိမ်မှာပဲနေနေပေမယ့် အွန်လိုင်းကနေပြုလုပ်လို့ရတဲ့ အလုပ်လေးတွေကိုတော့ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ရုပ်ရှင်မရိုက်ရလို့ အားနေတဲ့အချိန်လေးတွေမှာ နားနားနေနေမနေပဲ အားကစားပုံမှန်လုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားတာကို အခုလိုပဲ တွေ့ရပါတယ်။

ဖွေးဖွေးကတော့ အားတဲ့အချိန်လေးမှာ အားကစားတွေ ပုံမှန်လုပ်ရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ကိုဗစ်ကြီးပြီးသွားလည်း အရင်အတိုင်းလှနေဦးမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Phway Phway’s fb
Bilie – Cele Connections

error: Alert: Content is protected !!