ကိုဗစ္ကာလအတြင္းမွာပဲ အလွဴကိစၥတစ္ဖက္၊ မိသားစုတစ္ဖက္နဲ့ Online Study လုပ္ျပီး ဟားဗတ္တကၠသိုလ္က Certificate တစ္ခု ရရိွခဲ့တယ္ဆိုတဲ့ ခ်စ္သုေဝ

သရုပ္ေဆာင္၊ အဆိုေတာ္၊ ဆရာဝန္တစ္ေယာက္လည္း ျဖစ္တဲ့ ခ်စ္သုေဝကေတာ့ ငယ္ရြယ္စဥ္အခ်ိန္ကတည္းက သြက္သြက္လက္လက္ ထက္ထက္ျမက္ျမက္ ေနတတ္သူေလးတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရိွမွာလည္း အိမ္ေထာင္ရွင္ ကေလးေမေမျဖစ္ေနျပီျဖစ္တဲ့ ခ်စ္သုေဝက သူမရဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းကို ဦးစီးေနသလို အနုပညာအလုပ္ေတြကိုလည္း အဆက္အသြယ္မျပတ္ ျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ခ်စ္သုေဝက ကိုဗစ္ကာလအတြင္းမွာပဲ အလွဴကိစၥတစ္ဖက္၊ မိသားစုတစ္ဖက္နဲ့ Online Study လုပ္ျပီး ဟားဗတ္တကၠသိုလ္က Certificate တစ္ခုရရိွနိုင္ခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

“COVIDအတြင္းမွာ ရတနာေတြစုေဆာင္းမိတယ္😁.ပညာ နဲ႔ ကုသိုလ္။ 1stwave မွာ ဟန္တျပင္ျပင္နဲ႔ မလုပ္ခဲ့ရဘူး။ 2nd waveမွာ ရေအာင္လုပ္ႏိုင္ခဲ့တယ္ကြယ္။ စာေတြနဲ႔ ၁၃ႏွစ္ၾကာေဝးခဲ့တဲ့ကိုယ္ဟာ ဒီပိစိ course certificate ေလးရဖို႔ Assignment ေတြေရးရေတာ့ ေျခမကိုင္မိလက္မကိုင္မိနဲ႔.. လက္ေလ်ာ့ခ်င္စိတ္ေတြတဖြားဖြားနဲ႔ပါပဲ။ Topic က ကိုယ့္အတြက္ သမီးေလးေတြအတြက္ ကိုယ့္ႏိုင္ငံပညာေရးအတြက္ အေတြးအျမင္ေလးေတြရမွာမို႔ ဇြဲမေလ်ာ့ခဲ့ဘူး။”

“တစ္ရက္ၿပီးတစ္ရက္ ပိုပိုအဆင္ေျပလာသလို ကိုယ့္ကိုယ္ ကို ေတြးျမင္ေနတဲ့အရာေတြပါေျပာင္းလဲလာတယ္။ ယုံၾကည္မႉလည္းပိုရွိလာသလို အားလည္းပိုတက္လာတယ္။ Trezaလို႔ ကေလးအေမေတြကိုလည္း အက်ိဳးရွိတဲ့ ကိုယ့္အတြက္သင့္ေတာ္မယ့္ courseေလးေတြကို ရေအာင္တက္ေစခ်င္တယ္။ ျဖစ္ေအာင္လုပ္ရင္ ျဖစ္ကိုျဖစ္တယ္။ စိတ္ရဲ႕ထက္သန္မႉပဲလိုတာပါလို႔။ တေန႔ တေန႔ မိသားစုတာဝန္ေတြနဲ႔ခ်ည္းရွင္သန္လည္ပတ္ေနရလို႔ ကိုယ့္ကိုယ္ကိုေပ်ာက္ဆုံးသလိုျဖစ္ေနရင္ ပညာ အဆင္တန္ဆာနဲ႔သာ အလွဆင္လိုက္ၾကပါလို႔😍😍” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာမွာ မွ်ေဝေပးလာခဲ့ပါတယ္။

ခ်စ္သုေဝကေတာ့ ကိုဗစ္ကာလအတြင္းမွာပဲ စိတ္အားထက္သန္စြာနဲ့ ပညာတစ္ခုကို သင္ယူခဲ့တာပဲ ျဖစ္ပါတယ္။ ကေလးအေမ အိမ္ေထာင္ရွင္ျဖစ္ေပမယ့္ ခ်စ္သုေဝရဲ့ ဇြဲက ခ်ီးက်ဴးစရာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Chit Thu Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုဗစ်ကာလအတွင်းမှာပဲ အလှူကိစ္စတစ်ဖက်၊ မိသားစုတစ်ဖက်နဲ့ Online Study လုပ်ပြီး ဟားဗတ်တက္ကသိုလ်က Certificate တစ်ခု ရရှိခဲ့တယ်ဆိုတဲ့ ချစ်သုဝေ

သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့ ချစ်သုဝေကတော့ ငယ်ရွယ်စဉ်အချိန်ကတည်းက သွက်သွက်လက်လက် ထက်ထက်မြက်မြက် နေတတ်သူလေးတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာလည်း အိမ်ထောင်ရှင် ကလေးမေမေဖြစ်နေပြီဖြစ်တဲ့ ချစ်သုဝေက သူမရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို ဦးစီးနေသလို အနုပညာအလုပ်တွေကိုလည်း အဆက်အသွယ်မပြတ် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက ကိုဗစ်ကာလအတွင်းမှာပဲ အလှူကိစ္စတစ်ဖက်၊ မိသားစုတစ်ဖက်နဲ့ Online Study လုပ်ပြီး ဟားဗတ်တက္ကသိုလ်က Certificate တစ်ခုရရှိနိုင်ခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။

“COVIDအတွင်းမှာ ရတနာတွေစုဆောင်းမိတယ်😁.ပညာ နဲ့ ကုသိုလ်။ 1stwave မှာ ဟန်တပြင်ပြင်နဲ့ မလုပ်ခဲ့ရဘူး။ 2nd waveမှာ ရအောင်လုပ်နိုင်ခဲ့တယ်ကွယ်။ စာတွေနဲ့ ၁၃နှစ်ကြာဝေးခဲ့တဲ့ကိုယ်ဟာ ဒီပိစိ course certificate လေးရဖို့ Assignment တွေရေးရတော့ ခြေမကိုင်မိလက်မကိုင်မိနဲ့.. လက်လျော့ချင်စိတ်တွေတဖွားဖွားနဲ့ပါပဲ။ Topic က ကိုယ့်အတွက် သမီးလေးတွေအတွက် ကိုယ့်နိုင်ငံပညာရေးအတွက် အတွေးအမြင်လေးတွေရမှာမို့ ဇွဲမလျော့ခဲ့ဘူး။”

“တစ်ရက်ပြီးတစ်ရက် ပိုပိုအဆင်ပြေလာသလို ကိုယ့်ကိုယ် ကို တွေးမြင်နေတဲ့အရာတွေပါပြောင်းလဲလာတယ်။ ယုံကြည်မှူလည်းပိုရှိလာသလို အားလည်းပိုတက်လာတယ်။ Trezaလို့ ကလေးအမေတွေကိုလည်း အကျိုးရှိတဲ့ ကိုယ့်အတွက်သင့်တော်မယ့် courseလေးတွေကို ရအောင်တက်စေချင်တယ်။ ဖြစ်အောင်လုပ်ရင် ဖြစ်ကိုဖြစ်တယ်။ စိတ်ရဲ့ထက်သန်မှူပဲလိုတာပါလို့။ တနေ့ တနေ့ မိသားစုတာဝန်တွေနဲ့ချည်းရှင်သန်လည်ပတ်နေရလို့ ကိုယ့်ကိုယ်ကိုပျောက်ဆုံးသလိုဖြစ်နေရင် ပညာ အဆင်တန်ဆာနဲ့သာ အလှဆင်လိုက်ကြပါလို့😍😍” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာမှာ မျှဝေပေးလာခဲ့ပါတယ်။

ချစ်သုဝေကတော့ ကိုဗစ်ကာလအတွင်းမှာပဲ စိတ်အားထက်သန်စွာနဲ့ ပညာတစ်ခုကို သင်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးအမေ အိမ်ထောင်ရှင်ဖြစ်ပေမယ့် ချစ်သုဝေရဲ့ ဇွဲက ချီးကျူးစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!