“မမွီဝဲနဲ့ကင္းေအာင္ေန” ဇာတ္လမ္းတြဲေလးမျပခင္ ဒါရိုက္တာ ဦးဟိန္းစိုးဆီကို ကိုယ္တိုင္သြားေရာက္ ဂါရဝျပဳကန္ေတာ့ခဲ့တဲ့ ေဝလာရီ

ခ်စ္စရာေကာင္းတဲ့ မြန္မေလး ေဝလာရီကေတာ့ လူေလးခ်စ္စရာေကာင္းသလို အနုပညာအရည္အခ်င္းေတြနဲ့လည္း ျပည့္စံုသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေဝလာရီက သူမရဲ့ ပထမဦးဆံုး ဇာတ္လမ္းတြဲျဖစ္တဲ့ “နွင္းဆီ” ဇာတ္လမ္းတြဲက ေမာ္ေမာ္ ကာရိုက္တာနဲ့ တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွပိုင္ဆိုင္ခဲ့သလို သူမရဲ့ သီခ်င္းေတြကလည္း ေတးခ်စ္သူေတြၾကားမွာ ေအာင္ျမင္လွတာပဲ ျဖစ္ပါတယ္။ ေဝလာရီကေတာ့ ငယ္ရြယ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပညာေရးမွာလည္း မလစ္ဟင္းေအာင္ ၾကိဳးစားေနရသလို အနုပညာအလုပ္ေတြမွာလည္း ပရိသတ္အားေပးရက်ိဳးနပ္ေအာင္ အျမဲတမ္းသင္ယူေနတာပဲ ျဖစ္ပါတယ္။

မၾကာခင္ရက္ပိုင္းအတြင္းမွာေတာ့ ေဝလာရီရဲ့ တတိယေျမာက္ ဇာတ္လမ္းတြဲျဖစ္တဲ့ “မမွီဝဲနဲ့ကင္းေအာင္ေန” ဇာတ္လမ္းတြဲေလး ထုတ္လႊင့္ျပသေတာ့မွာျဖစ္ျပီး ေဝလာရီက ဇာတ္လမ္းတြဲမျပသခင္မွာ ဆရာ ဒါရိုက္တာ ဟိန္းစိုးကို သြားေရာက္ကန္ေတာ့ခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ ေဝလာရီက “မဂၤလာရွိတဲ့ေန႔ … 🥰ေဝလာ့ ရဲ႕ ဇာတ္လမ္းတြဲေလး “မမွီဝဲနဲ႔ ကင္းေအာင္ေန” မျပခင္ေလးမွာ ဆရာ ဒါ႐ိုက္တာ ဦးဟိန္းစိုး ကို ဂါရဝျပဳ ကန္ေတာ့ခဲ့ပါတယ္ … 🙏🏻 ေဝလာ့ရဲ႕ ဖြားဖြား နဲ႔ ႀကီးႀကီးကိုလည္း ဂါရဝျပဳ သြားေရာက္ ကန္ေတာ့ခဲ့ပါတယ္ ရွင္ … 🙏🏻🧡” ဆိုျပီး သူမရဲ့ ပီတိေလးကို မွ်ေဝေပးလာပါတယ္။

ေဝလာရီကေတာ့ “မမွီဝဲနဲ့ကင္းေအာင္ေန” ဇာတ္လမ္းတြဲမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပထမဦးဆံုး ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ျပီး ပရိသတ္ေတြရဲ့ ေဝဖန္မွတ္ခ်က္ခ်ျခင္းကို ရင္ခုန္စြာနဲ့ ေစာင့္ေမွ်ာ္ေနတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း “မမွီဝဲနဲ့ကင္းေအာင္ေန” ဇာတ္လမ္းတြဲေလး ထုတ္လႊင့္ျပရင္ ေဝလာရီေလးကို အားေပးၾကဖို့ မေမ့ၾကပါနဲ့ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wai Lar Ri’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

“မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေးမပြခင် ဒါရိုက်တာ ဦးဟိန်းစိုးဆီကို ကိုယ်တိုင်သွားရောက် ဂါရဝပြုကန်တော့ခဲ့တဲ့ ဝေလာရီ

ချစ်စရာကောင်းတဲ့ မွန်မလေး ဝေလာရီကတော့ လူလေးချစ်စရာကောင်းသလို အနုပညာအရည်အချင်းတွေနဲ့လည်း ပြည့်စုံသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝေလာရီက သူမရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲက မော်မော် ကာရိုက်တာနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သလို သူမရဲ့ သီချင်းတွေကလည်း တေးချစ်သူတွေကြားမှာ အောင်မြင်လှတာပဲ ဖြစ်ပါတယ်။ ဝေလာရီကတော့ ငယ်ရွယ်သူတစ်ယောက်ဖြစ်တာကြောင့် ပညာရေးမှာလည်း မလစ်ဟင်းအောင် ကြိုးစားနေရသလို အနုပညာအလုပ်တွေမှာလည်း ပရိသတ်အားပေးရကျိုးနပ်အောင် အမြဲတမ်းသင်ယူနေတာပဲ ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းမှာတော့ ဝေလာရီရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေး ထုတ်လွှင့်ပြသတော့မှာဖြစ်ပြီး ဝေလာရီက ဇာတ်လမ်းတွဲမပြသခင်မှာ ဆရာ ဒါရိုက်တာ ဟိန်းစိုးကို သွားရောက်ကန်တော့ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ ဝေလာရီက “မင်္ဂလာရှိတဲ့နေ့ … 🥰ဝေလာ့ ရဲ့ ဇာတ်လမ်းတွဲလေး “မမှီဝဲနဲ့ ကင်းအောင်နေ” မပြခင်လေးမှာ ဆရာ ဒါရိုက်တာ ဦးဟိန်းစိုး ကို ဂါရဝပြု ကန်တော့ခဲ့ပါတယ် … 🙏🏻 ဝေလာ့ရဲ့ ဖွားဖွား နဲ့ ကြီးကြီးကိုလည်း ဂါရဝပြု သွားရောက် ကန်တော့ခဲ့ပါတယ် ရှင် … 🙏🏻🧡” ဆိုပြီး သူမရဲ့ ပီတိလေးကို မျှဝေပေးလာပါတယ်။

ဝေလာရီကတော့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှတ်ချက်ချခြင်းကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေး ထုတ်လွှင့်ပြရင် ဝေလာရီလေးကို အားပေးကြဖို့ မမေ့ကြပါနဲ့နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Lar Ri’s fb
Bilie – Cele Connections

error: Alert: Content is protected !!