ဇာတ္လမ္းထဲမွာသာ အညိွဳးအေတးေတြနဲ့ျပိဳင္ဆိုင္ေနေပမယ့္ ရိုက္ကြင္းေပၚမွာေတာ့ လံုးဝဆန့္က်င္ဖက္ျဖစ္ေနၾကတဲ့ ပိုးၾကာျဖဴခင္နဲ့ ျမနွင္းရည္လြင္

လက္ရိွ MRTV-4 ထုတ္လႊင့္ျပသေနတဲ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲကေတာ့ ဇာတ္လမ္းအစမွာ လ်ိွဳ့ဝွက္ခ်က္ေတြမ်ားစြာ၊ ျမွဳပ္ကြက္ေတြမ်ားစြာနဲ့ ပရိသတ္ေတြကို ဆြဲေဆာင္နိုင္ခဲ့ျပီး အခုဆိုရင္ ဇာတ္ေကာင္ေတြရဲ့ လ်ွိဳ့ဝွက္ခ်က္ေတြ တစ္ကြက္ခ်င္းစီ ရွင္းရွင္းလင္းလင္း ေပၚလာခဲ့ျပီပဲ ျဖစ္ပါတယ္။ ဇာတ္လမ္း၊ ဇာတ္အိမ္ ေတာင့္တင္းခိုင္မာသလို ပါဝင္သရုပ္ေဆာင္ၾကတဲ့ သရုပ္ေဆာင္ေတြကလည္း က်ရာကာရိုက္တာေတြမွာ အေကာင္းဆံုးသရုပ္ေဆာင္နိုင္ၾကတာေၾကာင့္ ပရိသတ္ေတြရဲ့ ၾကိဳက္နွစ္သက္အားေပးျခင္းကို တစ္ခဲနက္ရရိွခဲ့တာပဲ ျဖစ္ပါတယ္။

အထူးသျဖင့္ အဓိကဇာတ္ေကာင္ျဖစ္တဲ့ “အဏၰဝါမုန္း” ေနရာကေန သရုပ္ေဆာင္တဲ့ ပိုးၾကာျဖဴခင္ရဲ့ ဇာတ္ရုပ္က အရမ္းအေရးၾကီးသလို ဇာတ္လမ္းကို အရွိန္အဟုန္ျမင့္ဖို့ ပို့ေဆာင္ေပးရတဲ့ ျမနွင္းရည္လြင္ရဲ့ “ေဒၚဟန္နီခ်ိဳ” ဇာတ္ရုပ္ကလည္း တာဝန္ၾကီးလွတာပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲထဲမွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ အညိွဳးအေတး အာဃာတေတြရိွၾကတဲ့ ေဒၚဟန္နီခ်ိဳနဲ့ အဏၰဝါမုန္းတို့က ရိုက္ကြင္းေပၚမွာေတာ့ ပိုးၾကာျဖဴခင္နဲ့ ျမနွင္းရည္လြင္အတိုင္း တစ္ေယာက္နဲ့တစ္ေယာက္ အခ်စ္ေတြနဲ့သာရိွေနခဲ့တာကို အခုလိုပဲ ေတြ့ရပါတယယ္။

ပိုးၾကာျဖဴခင္နဲ့ ျမနွင္းရည္လြင္ကေတာ့ သရုပ္ေဆာင္ေကာင္းေတြပီပီ ဇာတ္လမ္းတြဲက စိတ္ခံစားခ်က္နဲ့ အျပင္လက္ေတြ့က ခံစားခ်က္ေတြကို တစ္ကန့္စီ ထားနိုင္တာ ေလးစားစရာပါပဲ။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဇာတ်လမ်းထဲမှာသာ အညှိုးအတေးတွေနဲ့ပြိုင်ဆိုင်နေပေမယ့် ရိုက်ကွင်းပေါ်မှာတော့ လုံးဝဆန့်ကျင်ဖက်ဖြစ်နေကြတဲ့ ပိုးကြာဖြူခင်နဲ့ မြနှင်းရည်လွင်

လက်ရှိ MRTV-4 ထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲကတော့ ဇာတ်လမ်းအစမှာ လျှို့ဝှက်ချက်တွေများစွာ၊ မြှုပ်ကွက်တွေများစွာနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး အခုဆိုရင် ဇာတ်ကောင်တွေရဲ့ လျှို့ဝှက်ချက်တွေ တစ်ကွက်ချင်းစီ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် တောင့်တင်းခိုင်မာသလို ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တွေကလည်း ကျရာကာရိုက်တာတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ကြတာကြောင့် ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးခြင်းကို တစ်ခဲနက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အဓိကဇာတ်ကောင်ဖြစ်တဲ့ “အဏ္ဏဝါမုန်း” နေရာကနေ သရုပ်ဆောင်တဲ့ ပိုးကြာဖြူခင်ရဲ့ ဇာတ်ရုပ်က အရမ်းအရေးကြီးသလို ဇာတ်လမ်းကို အရှိန်အဟုန်မြင့်ဖို့ ပို့ဆောင်ပေးရတဲ့ မြနှင်းရည်လွင်ရဲ့ “ဒေါ်ဟန်နီချို” ဇာတ်ရုပ်ကလည်း တာဝန်ကြီးလှတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် အညှိုးအတေး အာဃာတတွေရှိကြတဲ့ ဒေါ်ဟန်နီချိုနဲ့ အဏ္ဏဝါမုန်းတို့က ရိုက်ကွင်းပေါ်မှာတော့ ပိုးကြာဖြူခင်နဲ့ မြနှင်းရည်လွင်အတိုင်း တစ်ယောက်နဲ့တစ်ယောက် အချစ်တွေနဲ့သာရှိနေခဲ့တာကို အခုလိုပဲ တွေ့ရပါတယယ်။

ပိုးကြာဖြူခင်နဲ့ မြနှင်းရည်လွင်ကတော့ သရုပ်ဆောင်ကောင်းတွေပီပီ ဇာတ်လမ်းတွဲက စိတ်ခံစားချက်နဲ့ အပြင်လက်တွေ့က ခံစားချက်တွေကို တစ်ကန့်စီ ထားနိုင်တာ လေးစားစရာပါပဲ။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections

error: Alert: Content is protected !!