



Source: May Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Brand Ambassador အဖြစ် တာဝန်ယူဆောင်ရွက်ထားရတဲ့ ကုန်ပစ္စည်းတစ်ခုကို အချစ်ရဆုံးမိတ်ကပ်မေဦးဆီ လက်ဆောင်ပေးခဲ့တဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ချစ်စရာကောင်းပြီး အနေအထိုင်တည်ငြိမ်သလို လူချစ်လူခင်ပေါများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က တစ်ကိုယ်တည်း အပျိုကြီးပီပီ သူမဘေးနားမှာရှိတဲ့ မိတ်ကပ်ဆရာ၊ Stylist အစရှိသူတို့အပေါ် သံယောဇဉ်တော်တော်ကြီးသူဖြစ်ပြီး အမြဲတမ်း တပူးပူးတတွဲတွဲနေလေ့ရှိတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မိတ်ကပ်မေဦးကတော့ ဝတ်မှုံရွှေရည် မင်းသမီးပေါက်စအရွယ်ကတည်းက ဘေးနားမှာနေပြီး လိုအပ်ချက်မှန်သမျှကို ဖြည့်စည်းပေးနေတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်နဲ့ မေဦးကတော့ မင်းသမီးနဲ့ မိတ်ကပ်ဆရာတွေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် မောင်နှမတွေလို ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က သူမ Brand Ambassador အဖြစ် တာဝန်ယူဆောင်ရွက်ထားရတဲ့ နာမည်ကြီး ဖုန်းတံဆိပ်အမျိုးအစားကို အချစ်ဆုံး မေဦးဆီ လက်ဆောင်ပေးခဲ့တယ်လို့ မေဦးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မေဦးအပေါ် သံယောဇဉ်ရှိရှာသူတစ်ယောက်ဖြစ်ပြီး မောင်နှမလို ဆွေမျိုးသားချင်းလို သဘောထားသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေဦးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ အပြန်အလှန်မေတ္တာကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!