အခန္းထဲကအခန္းျပင္မထြက္ရခ်ိန္မွာ ေခါင္းေလာင္းေလးတစ္လံုးကိုသာ အသံုးျပဳျပီး အိမ္သားေတြနဲ့ အဆက္အသြယ္လုပ္ေနရတယ္ဆိုတဲ့ ေက်ာ္သူ

မင္းသားၾကီး ေက်ာ္သူကေတာ့ ကပ္ေရာဂါဆုိးၾကီးျဖစ္တဲ့ Covid-19 ေရာဂါပိုးၾကီးကို ေအာင္ျမင္စြာ တိုက္ထုတ္နိုင္ခဲ့ျပီး ေဆးရံုကေန ဆင္းလာခဲ့ျပီ ျဖစ္ပါတယ္။ ေက်ာ္သူကေတာ့ ေရာဂါပိုးကင္းရွင္းသြားျပီဆိုေပမယ့္ အိမ္သားေတြနဲ့ ထိေတြ့ဆက္ခံျခင္းမ်ိဳးမျပဳလုပ္ပဲ Self Quarantine ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေက်ာ္သူက အခန္းထဲကအခန္းျပင္မထြက္ရခ်ိန္မွာ ေခါင္းေလာင္းေလးတစ္လံုးကိုသာ အသံုးျပဳျပီး အိမ္သားေတြနဲ့ အဆက္အသြယ္လုပ္ေနရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“ေခါင္းေလာင္းတီး၍ ေခၚရသည္။ ကိုဗစ္ကိုေက်ာ္လႊားျဖတ္သန္းၿပီးေနာက္ ေဝဘာဂီေဆး႐ုံမွ ေနအိမ္အေရာက္ သီးသန႔္မိမိ၏အိပ္ခန္းတြင္းမွာေျခကုတ္ ယူကာ အခန္းတြင္းေနထိုင္စားေသာက္၊တရားဘာဝနာပြား၊အဓိ႒ာန္ဝင္ျခင္း၊ေမတၱာပို႔ျခင္းမ်ားအား အခန္းေအာင္း၍ ျပဳလုပ္ကာ လိုအပ္သည္မ်ားကို အခန္း၏ေဘးဖက္ျပဴတင္းေပါက္မွ ငယ္စဥ္ကအသုံးျပဳခဲ့ေသာေခါင္းေလာင္းေလးအားတီးခတ္ကာ ဤသို႔ဤ ပုံေတာင္းခံရပါသည္။ ယေန႔နံနက္ ပစ္တိုင္းေထာင္ၿမီးရွည္ ခ်ဥ္ျခင္းတက္လာ၍ လၻက္ရည္တစ္ခြက္ႏွင့္အတူ ဝယ္ယူသုံးေဆာင္ခဲ့ပါသည္။ေအာ္… ေနာက္ထပ္(ငါးရက္) အခန္းေအာင္းအဓိ႒ာန္ က်န္ရစ္ေသးပါကလား” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

ေက်ာ္သူကေတာ့ ေရာဂါပိုးကင္းရွင္းသြားျပီဆိုေပမယ့္ သူ့ရဲ့ အျခားေသာေရာဂါေတြျဖစ္တဲ့ နွလံုးေရာဂါနဲ့ ဆီးခ်ိဳေရာဂါေတြအတြက္ ေဆးထိုးေဆးေသာက္ ျပဳလုပ္ေနရဆဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အခန်းထဲကအခန်းပြင်မထွက်ရချိန်မှာ ခေါင်းလောင်းလေးတစ်လုံးကိုသာ အသုံးပြုပြီး အိမ်သားတွေနဲ့ အဆက်အသွယ်လုပ်နေရတယ်ဆိုတဲ့ ကျော်သူ

မင်းသားကြီး ကျော်သူကတော့ ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ Covid-19 ရောဂါပိုးကြီးကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီး ဆေးရုံကနေ ဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ကျော်သူကတော့ ရောဂါပိုးကင်းရှင်းသွားပြီဆိုပေမယ့် အိမ်သားတွေနဲ့ ထိတွေ့ဆက်ခံခြင်းမျိုးမပြုလုပ်ပဲ Self Quarantine နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက အခန်းထဲကအခန်းပြင်မထွက်ရချိန်မှာ ခေါင်းလောင်းလေးတစ်လုံးကိုသာ အသုံးပြုပြီး အိမ်သားတွေနဲ့ အဆက်အသွယ်လုပ်နေရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ခေါင်းလောင်းတီး၍ ခေါ်ရသည်။ ကိုဗစ်ကိုကျော်လွှားဖြတ်သန်းပြီးနောက် ဝေဘာဂီဆေးရုံမှ နေအိမ်အရောက် သီးသန့်မိမိ၏အိပ်ခန်းတွင်းမှာခြေကုတ် ယူကာ အခန်းတွင်းနေထိုင်စားသောက်၊တရားဘာဝနာပွား၊အဓိဋ္ဌာန်ဝင်ခြင်း၊မေတ္တာပို့ခြင်းများအား အခန်းအောင်း၍ ပြုလုပ်ကာ လိုအပ်သည်များကို အခန်း၏ဘေးဖက်ပြူတင်းပေါက်မှ ငယ်စဉ်ကအသုံးပြုခဲ့သောခေါင်းလောင်း
လေးအားတီးခတ်ကာ ဤသို့ဤ ပုံတောင်းခံရပါသည်။ ယနေ့နံနက် ပစ်တိုင်းထောင်မြီးရှည် ချဉ်ခြင်းတက်လာ၍ လ္ဘက်ရည်တစ်ခွက်နှင့်အတူ ဝယ်ယူသုံးဆောင်ခဲ့ပါသည်။အော်… နောက်ထပ်(ငါးရက်) အခန်းအောင်းအဓိဋ္ဌာန် ကျန်ရစ်သေးပါကလား” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ကျော်သူကတော့ ရောဂါပိုးကင်းရှင်းသွားပြီဆိုပေမယ့် သူ့ရဲ့ အခြားသောရောဂါတွေဖြစ်တဲ့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေအတွက် ဆေးထိုးဆေးသောက် ပြုလုပ်နေရဆဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!