လက္ေဆာင္ရရိွခဲ့တဲ့ ေရႊလက္စြပ္နဲ့ ေရႊဆြဲၾကိဳးေတြကို လမ္းမွာေတြ့တဲ့သူေတြဆီ လိုက္လံလွဴဒါန္းခဲ့တဲ့ ျဖဴျဖဴေထြးရဲ့ ဗီဒီယို

သရုပ္ေဆာင္ ျဖဴျဖဴေထြးက သြက္လက္ျပီး ဟန္ေဆာင္မႈမရိွတာေၾကာင့္ လူၾကီး၊ လူငယ္တိုင္းရဲ့ အားေပးမႈကို ရရိွပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးက အြန္လိုင္းဆယ္လီတစ္ေယာက္အျဖစ္ကေန အနုပညာရွင္အျဖစ္ ေၾကာ္ျငာနဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ ပါဝင္သရုပ္ေဆာင္ေနရျပီပဲ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးက မျပည့္စံုတဲ့ဘဝကေန တက္လာရသူမို့ ခ်ိဳ့တဲ့သူေတြအေပၚ စာနာေထာက္ထားျပီး အလွဴေတြ ျပဳလုပ္ေလ့ရိွသူတစ္ေယာက္ ျဖစ္ပါတယ္။

အလွဴေလးေတြကို အျမဲတမ္း ျပဳလုပ္ေလ့ရိွသလို သူမရဲ့ အလွဴနဲ့ ပက္သတ္ျပီးလည္း ပရိသတ္ေတြ ထပ္တူသာဓုေခၚဆိုနိုင္ဖို့အတြက္ ဗီဒီယိုေလးကေနတဆင့္ ပီတိေတြကူးစက္ေစတဲ့ ျဖဴျဖဴေထြးက ဒီကေန့မွာလည္း သူမရဲ့ အလွဴမွတ္တမ္းေလးကို မွ်ေဝေပးလာပါတယ္။ ျဖဴျဖဴေထြးက သူမကို လွဴဖို့ေပးလိုက္တဲ့ ေရႊဆြဲၾကိဳး၊ ေရႊဆြဲသီးနဲ့ ေရႊလက္စြပ္ေတြအျပင္ သူမကိုယ္တိုင္ ပိုက္ဆံေတြကိုလည္း လမ္းမွာေတြ့တဲ့သူေတြဆီ လိုက္လံလွဴဒါန္းေပးခဲ့ေၾကာင္း အခုလိုပဲ တင္ဆက္ေပးလာခဲ့ပါတယ္။

ျဖဴျဖဴေထြးကေတာ့ ျမင္ရသူတိုင္းကို ပီတိျဖစ္ေစေလာက္တဲ့အထိ လွဴနိုင္တန္းနိုင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ျဖဴျဖဴေထြးရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး ပီတိေတြ ထပ္တူခံစားရရိွမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Si Phyo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လက်ဆောင်ရရှိခဲ့တဲ့ ရွှေလက်စွပ်နဲ့ ရွှေဆွဲကြိုးတွေကို လမ်းမှာတွေ့တဲ့သူတွေဆီ လိုက်လံလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

သရုပ်ဆောင် ဖြူဖြူထွေးက သွက်လက်ပြီး ဟန်ဆောင်မှုမရှိတာကြောင့် လူကြီး၊ လူငယ်တိုင်းရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ်ကနေ အနုပညာရှင်အဖြစ် ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက မပြည့်စုံတဲ့ဘဝကနေ တက်လာရသူမို့ ချို့တဲ့သူတွေအပေါ် စာနာထောက်ထားပြီး အလှူတွေ ပြုလုပ်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။

အလှူလေးတွေကို အမြဲတမ်း ပြုလုပ်လေ့ရှိသလို သူမရဲ့ အလှူနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေ ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့အတွက် ဗီဒီယိုလေးကနေတဆင့် ပီတိတွေကူးစက်စေတဲ့ ဖြူဖြူထွေးက ဒီကနေ့မှာလည်း သူမရဲ့ အလှူမှတ်တမ်းလေးကို မျှဝေပေးလာပါတယ်။ ဖြူဖြူထွေးက သူမကို လှူဖို့ပေးလိုက်တဲ့ ရွှေဆွဲကြိုး၊ ရွှေဆွဲသီးနဲ့ ရွှေလက်စွပ်တွေအပြင် သူမကိုယ်တိုင် ပိုက်ဆံတွေကိုလည်း လမ်းမှာတွေ့တဲ့သူတွေဆီ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း အခုလိုပဲ တင်ဆက်ပေးလာခဲ့ပါတယ်။

ဖြူဖြူထွေးကတော့ မြင်ရသူတိုင်းကို ပီတိဖြစ်စေလောက်တဲ့အထိ လှူနိုင်တန်းနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ပီတိတွေ ထပ်တူခံစားရရှိမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Si Phyo’s fb
Bilie – Cele Connections

error: Alert: Content is protected !!