ဘာလုပ္လုပ္စိတ္တူကိုယ္တူရိွတဲ့ အခ်စ္ဆံုးသူငယ္ခ်င္းၾကီး ခန့္စည္သူနဲ့အတူတူ စုေပါင္းကထိန္အလွဴေလး ျပဳလုပ္ခဲ့တဲ့ ခိုင္သင္းၾကည္

ခိုင္သင္းၾကည္နဲ႔ ခန႔္စည္သူဆိုတာ ျမန္မာ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ အတြဲညီညီနဲ႔ သ႐ုပ္ေဆာင္ခဲ့သူၾကတဲ့ နာမည္ၾကီးမင္းသားနဲ့ မင္းသမီး ျဖစ္ပါတယ္။ ခိုင္သင္းၾကည္နဲ႔ ခန႔္စည္သူတို႔က ဟာသဇာတ္ကား အ႐ိုက္မ်ားၿပီး သူတို႔ႏွစ္ေယာက္ ပါဝင္သ႐ုပ္ေဆာင္တဲ့ ဇာတ္ကားတိုင္းကလည္း ပရိသတ္ေတြၾကားမွာ ဝက္ဝက္ကြဲကို ေအာင္ျမင္လွပါတယ္။ ခိုင္သင္းၾကည္နဲ႔ ခန႔္စည္သူက “ခသုံးလုံး” ႐ုပ္ရွင္ထုတ္လုပ္ေရးကိုလည္း ထြန္းအိျႏၵာဗိုလ္နဲ႔အတူတူ တည္ေထာင္ထားျပီး စီးပြားေရးအလုပ္ေတြကိုလည္း အတူတကြ လုပ္ကိုင္ေနၾကတဲ့ သူငယ္ခ်င္းေတြပဲ ျဖစ္ၾကပါတယ္ယ။

အနုပညာအလုပ္၊ စီးပြားေရးအလုပ္ေတြကို အတူတူတြဲဖက္လုပ္ကိုင္ေနၾကတဲ့ သူငယ္ခ်င္းနွစ္ေယာက္က ဘာသာေရးနဲ့ ကုသိုလ္ေရးမွာလည္း ေျပာစရာမလိုေအာင္ကို အတြဲညီသူေတြ ျဖစ္ၾကပါတယ္။ ဒီကေန့မွာလည္း ခုိင္သင္းၾကည္နဲ့ ခန့္စည္သူတို့ သူငယ္ခ်င္းနွစ္ေယာက္က ေမတၱာသဂၤဟအဖြဲ့နဲ့အတူတူ စုေပါင္းကထိန္ခင္းခဲ့ၾကတာကို အခုလိုပဲ ေတြ့ရပါတယ္။

ခိုင္သင္းၾကည္နဲ့ ခန့္စည္သူတို့ သူငယ္ခ်င္းနွစ္ေယာက္ကေတာ့ ဘာသာေရးနဲ့ ကုသိုလ္ေရးမွာလည္း အျမဲတမ္း အတူတကြ လုပ္ကိုင္ၾကတဲ့ ခ်စ္သူငယ္ခ်င္းေတြပဲ ျဖစ္ၾကပါတယ္။ ပရိသတ္ၾကီးလည္း ခိုင္သင္းၾကည္တို့ရဲ့ စုေပါင္းအလွဴေလးကို သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: KHINE THIN KYI’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဘာလုပ်လုပ်စိတ်တူကိုယ်တူရှိတဲ့ အချစ်ဆုံးသူငယ်ချင်းကြီး ခန့်စည်သူနဲ့အတူတူ စုပေါင်းကထိန်အလှူလေး ပြုလုပ်ခဲ့တဲ့ ခိုင်သင်းကြည်

ခိုင်သင်းကြည်နဲ့ ခန့်စည်သူဆိုတာ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အတွဲညီညီနဲ့ သရုပ်ဆောင်ခဲ့သူကြတဲ့ နာမည်ကြီးမင်းသားနဲ့ မင်းသမီး ဖြစ်ပါတယ်။ ခိုင်သင်းကြည်နဲ့ ခန့်စည်သူတို့က ဟာသဇာတ်ကား အရိုက်များပြီး သူတို့နှစ်ယောက် ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲကို အောင်မြင်လှပါတယ်။ ခိုင်သင်းကြည်နဲ့ ခန့်စည်သူက “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ထွန်းအိန္ဒြာဗိုလ်နဲ့အတူတူ တည်ထောင်ထားပြီး စီးပွားရေးအလုပ်တွေကိုလည်း အတူတကွ လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်ယ။

အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေကို အတူတူတွဲဖက်လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်က ဘာသာရေးနဲ့ ကုသိုလ်ရေးမှာလည်း ပြောစရာမလိုအောင်ကို အတွဲညီသူတွေ ဖြစ်ကြပါတယ်။ ဒီကနေ့မှာလည်း ခိုင်သင်းကြည်နဲ့ ခန့်စည်သူတို့ သူငယ်ချင်းနှစ်ယောက်က မေတ္တာသင်္ဂဟအဖွဲ့နဲ့အတူတူ စုပေါင်းကထိန်ခင်းခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ခိုင်သင်းကြည်နဲ့ ခန့်စည်သူတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ဘာသာရေးနဲ့ ကုသိုလ်ရေးမှာလည်း အမြဲတမ်း အတူတကွ လုပ်ကိုင်ကြတဲ့ ချစ်သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ရဲ့ စုပေါင်းအလှူလေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Bilie – Cele Connections

error: Alert: Content is protected !!