ခင္မင္ရင္းနွီးသူေတြ ေမတၱာနဲ့ေပးၾကတဲ့ မဂၤလာလက္ဖြဲ့ပစၥည္းေတြကိုၾကည့္ျပီး ျဖစ္ေပၚလာတဲ့ခံစားခ်က္ကို ေျပာျပလာတဲ့ စည္ျဖိဳး

မင္းသားေခ်ာ စည္ျဖိဳးကေတာ့ အနုပညာမ်ိဳးရိုးမရိွပဲနဲ့ တစ္မိေပါက္ တစ္ေယာက္ထြန္းဆုိသလို အနုပညာေလာကထဲမွာ ေအာင္ျမင္လာခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စည္ျဖိဳးကေတာ့ နာမည္ၾကီးမင္းသားတစ္ေယာက္ျဖစ္ေပမယ့္ သူ့ရဲ့ ရပ္တည္မႈနဲ့ပက္သတ္ျပီး ပြင့္ပြင့္လင္းလင္းသာ ေျပာဆိုေနထိုင္တတ္သူတစ္ေယာက္ျဖစ္ျပီး ဘာကိုမွ ဖုံးကြယ္ထားျခင္းမရိွသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ စည္ျဖိဳးက အခုဆိုရင္ သူ့ရဲ့ ခ်စ္သူ ခင္လႊမ္းနဲ့အတူတူ သာယာတဲ့ အိမ္ေထာင္တစ္ခုကုိ တည္ေဆာက္ထားခဲ့ျပီပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ နိုဝင္ဘာလ (၅) ရက္ေန့ကပဲ နွစ္ဖက္ေသာမိဘေဆြမ်ိဳးေတြနဲ့ အသိမိတ္ေဆြေတြေရွ့မွာ မဂၤလာလက္မွတ္ထိုးေရးထုိးထားခဲ့ျပီျဖစ္တဲ့ စည္ျဖိဳးတို့က ဒီကေန့မွာေတာ့ ခင္မင္ရင္းနွီးသူေတြ ေမတၱာနဲ့ေပးၾကတဲ့ မဂၤလာလက္ဖြဲ့ပစၥည္းေတြကိုၾကည့္ျပီး ျဖစ္ေပၚလာတဲ့ခံစားခ်က္ကို ေျပာျပလာပါတယ္။ စည္ျဖိဳးက “အခုမွပဲ လက္ေဆာင္ေတြဘက္လွည့္ျဖစ္ေတာ့တယ္ မဖြင့္ရက္ျကဘူးျဖစ္ေနတယ္ အာလံုးကိုေက်းဇူးအထူးပါ။ အာလံုးတစ္ဦးဆီ တိုင္းမက်န္ေအာင္ ေက်းဇူးကမ႓ာပါ..” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေက်းဇူးတင္စကားေျပာလာပါတယ္။

စည္ျဖိဳးကေတာ့ ခင္မင္ရင္းနွီးသူေတြဆီက လက္ေဆာင္ေတြကိုၾကည့္ျပီး မဖြင့္ရက္ေၾကာင္း ေျပာထားတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Si Phyo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ခင်မင်ရင်းနှီးသူတွေ မေတ္တာနဲ့ပေးကြတဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကိုကြည့်ပြီး ဖြစ်ပေါ်လာတဲ့ခံစားချက်ကို ပြောပြလာတဲ့ စည်ဖြိုး

မင်းသားချော စည်ဖြိုးကတော့ အနုပညာမျိုးရိုးမရှိပဲနဲ့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို အနုပညာလောကထဲမှာ အောင်မြင်လာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စည်ဖြိုးကတော့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ ရပ်တည်မှုနဲ့ပက်သတ်ပြီး ပွင့်ပွင့်လင်းလင်းသာ ပြောဆိုနေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး ဘာကိုမှ ဖုံးကွယ်ထားခြင်းမရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ စည်ဖြိုးက အခုဆိုရင် သူ့ရဲ့ ချစ်သူ ခင်လွှမ်းနဲ့အတူတူ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့ကပဲ နှစ်ဖက်သောမိဘဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေရှေ့မှာ မင်္ဂလာလက်မှတ်ထိုးရေးထိုးထားခဲ့ပြီဖြစ်တဲ့ စည်ဖြိုးတို့က ဒီကနေ့မှာတော့ ခင်မင်ရင်းနှီးသူတွေ မေတ္တာနဲ့ပေးကြတဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကိုကြည့်ပြီး ဖြစ်ပေါ်လာတဲ့ခံစားချက်ကို ပြောပြလာပါတယ်။ စည်ဖြိုးက “အခုမှပဲ လက်ဆောင်တွေဘက်လှည့်ဖြစ်တော့တယ် မဖွင့်ရက်ကြဘူးဖြစ်နေတယ် အာလုံးကိုကျေးဇူးအထူးပါ။ အာလုံးတစ်ဦးဆီ တိုင်းမကျန်အောင် ကျေးဇူးကမ္ဘာပါ..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကျေးဇူးတင်စကားပြောလာပါတယ်။

စည်ဖြိုးကတော့ ခင်မင်ရင်းနှီးသူတွေဆီက လက်ဆောင်တွေကိုကြည့်ပြီး မဖွင့်ရက်ကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Si Phyo’s fb
Bilie – Cele Connections

error: Alert: Content is protected !!