ေရာပါပိုးအကူးခံျပီး (၁၈) ရက္လံုးလံုး လိုက္ပါေစာင့္ေရွာက္ေပးတဲ့ ထြန္းကိုကိုရဲ့ သတၱိကို ေက်းဇူးတင္ခ်ီးက်ဴးစကားေျပာလာတဲ့ ေက်ာ္သူ

ပရိသတ္ေတြခ်စ္ၾကတဲ့ ပရဟိတမင္းသားၾကီးေတြျဖစ္တဲ့ ေက်ာ္သူနဲ့ ထြန္းကိုကိုကေတာ့ နိုင္ငံေက်ာ္ မင္းသားေတြလည္းျဖစ္သလို ကိုယ္က်ိဳးကိုစြန့္ျပီး အမ်ားအက်ိဳးသယ္ပိုးေဆာင္ရြက္ေနၾကသူေတြ ျဖစ္ၾကပါတယ္။ ေက်ာ္သူကေတာ့ ျပီးခဲ့တဲ့ရက္သတၱပတ္ကေတာ့ Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရျပီး ေဆးရံုတက္ေဆးကုသမႈခံယူခဲ့ရျပီး ထြန္းကိုကိုကလည္း ေက်ာ္သူကို အနီးကပ္လိုက္ပါေစာင့္ေရွာက္ဖို့ သူကိုယ္တိုင္ပါ ေရာဂါပိုးအကူးစက္ခံျပီး ေဆးရံုတက္ခဲ့တာပဲ ျဖစ္ပါတယ္။

မေန့က နိုဝင္ဘာလ (၇) ရက္ေန့မွာေတာ့ ထြန္းကိုကိုနဲ့ ေက်ာ္သူတို့နွစ္ေယာက္စလံုးက ေနေကာင္းသက္သာစြာနဲ့ ေဆးရံုဆင္းလာခဲ့ျပီျဖစ္ပါတယ္။ ေဆးရံုဆင္းျပီးေနာက္မွာေတာ့ ေက်ာ္သူက သူ့ရဲ့အနားမွာ (၁၈) ရက္လံုးလံုး ေစာင့္ေရွာက္ေပးခဲ့တဲ့ ထြန္းကိုကိုကို “ထြန္းကိုကိုေရ မင္းကိုလည္း အရမ္းေက်းဇူးတင္ပါတယ္ကြာ။ေရာဂါပိုး အကူးခံၿပီးေတာ့ကို လိုက္ပါေစာင့္ေရွာက္ ေပးတဲ့သတၱိကို မခ်ီးက်ဴး ဘဲ နဲ႔ကို မေနႏိုင္ပါဘူးကြာ။” ဆိုျပီး ေက်းဇူးတင္စကား ေျပာထားတာကို ေတြ့ရပါတယ္။

ေက်ာ္သူကေတာ့ သူနဲ့ေသြးသားမေတာ္စပ္ေပမယ့္ ေစတနာေမတၱာထားျပီး လိုက္ပါေစာင့္ေရွာက္ေပးတဲ့ ထြန္းကိုကိုကို ေက်းဇူးတင္ခ်ီးက်ဴးလာတာပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းျပီး နွလံုးသားလွတဲ့ ထြန္းကိုကိုတစ္ေယာက္ ဒီထက္မက ေအာင္ျမင္မႈေတြရရိွျပီး အမ်ားအက်ိဳးသယ္ပိုးေဆာင္ရြက္နိုင္ပါေစေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yanpaing Tunko ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရောပါပိုးအကူးခံပြီး (၁၈) ရက်လုံးလုံး လိုက်ပါစောင့်ရှောက်ပေးတဲ့ ထွန်းကိုကိုရဲ့ သတ္တိကို ကျေးဇူးတင်ချီးကျူးစကားပြောလာတဲ့ ကျော်သူ

ပရိသတ်တွေချစ်ကြတဲ့ ပရဟိတမင်းသားကြီးတွေဖြစ်တဲ့ ကျော်သူနဲ့ ထွန်းကိုကိုကတော့ နိုင်ငံကျော် မင်းသားတွေလည်းဖြစ်သလို ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးသယ်ပိုးဆောင်ရွက်နေကြသူတွေ ဖြစ်ကြပါတယ်။ ကျော်သူကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ဆေးရုံတက်ဆေးကုသမှုခံယူခဲ့ရပြီး ထွန်းကိုကိုကလည်း ကျော်သူကို အနီးကပ်လိုက်ပါစောင့်ရှောက်ဖို့ သူကိုယ်တိုင်ပါ ရောဂါပိုးအကူးစက်ခံပြီး ဆေးရုံတက်ခဲ့တာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၇) ရက်နေ့မှာတော့ ထွန်းကိုကိုနဲ့ ကျော်သူတို့နှစ်ယောက်စလုံးက နေကောင်းသက်သာစွာနဲ့ ဆေးရုံဆင်းလာခဲ့ပြီဖြစ်ပါတယ်။ ဆေးရုံဆင်းပြီးနောက်မှာတော့ ကျော်သူက သူ့ရဲ့အနားမှာ (၁၈) ရက်လုံးလုံး စောင့်ရှောက်ပေးခဲ့တဲ့ ထွန်းကိုကိုကို “ထွန်းကိုကိုရေ မင်းကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ကွာ။
ရောဂါပိုး အကူးခံပြီးတော့ကို လိုက်ပါစောင့်ရှောက် ပေးတဲ့သတ္တိကို မချီးကျူး ဘဲ နဲ့ကို မနေနိုင်ပါဘူးကွာ။” ဆိုပြီး ကျေးဇူးတင်စကား ပြောထားတာကို တွေ့ရပါတယ်။

ကျော်သူကတော့ သူနဲ့သွေးသားမတော်စပ်ပေမယ့် စေတနာမေတ္တာထားပြီး လိုက်ပါစောင့်ရှောက်ပေးတဲ့ ထွန်းကိုကိုကို ကျေးဇူးတင်ချီးကျူးလာတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး နှလုံးသားလှတဲ့ ထွန်းကိုကိုတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပြီး အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yanpaing Tunko ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!