

“ဗောဓိရိပ်ငြိမ်ဆရာ တော်ဘုရား ထံ သီတင်းကျွတ် အခါသမ သွားရောက်ဖူးမျှော် ကန်တော့🙏🙏🙏 ဆုံးမဩဝါဒနာယူ 🙏🙏🙏 ဆရာတော်က ကျွန်တော့်နာမည်နဲ့ ကဗျာလေး တစ်ပုဒ် ချီးမြှင့်ပေးပါသည် *ဖြိုးမြတ်အောင် * ဖြိုး- ဖြိုးလျှံဝေကုသိုလ်တွေနဲ့၊ မြတ်- မြတ်နှလုံးအစဉ်သုံးလျှက်၊ အောင်- အောင်ပွဲအလံဘိသိက်ခံနိုင်ပါစေ။ အောင်စေ/မြတ်စေဖြိုးလျှံဝေ၍ များတွေပရိတ်သတ် စိတ်ဓါတ်တွေမျှဝေနိုင်ပါစေ” ဆိုပြီး ဆရာတော်ထံက ချီးမြှင့်ခံရတဲ့ ကဗျာလေးကို ပြောပြလာပါတယ်။


ယူနီကုဒ်ဖြင့်ဖတ်ရန်

ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရားထံမှ သူ့ရဲ့နာမည်နဲ့ ကဗျာလေးတစ်ပုဒ် ချီးမြှင့်ခံခဲ့ရတဲ့ ဖြိုးမြတ်အောင်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်က အဆိုတော်လေး ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season (3) Winner တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရိုးသားဖြူစင်ပြီး ဘာသာတရားလည်း ကိုင်းရှိုင်းလွန်းတဲ့ ဖြိုးမြတ်အောင်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ပီပီ ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း အထူးပြုလုပ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖြိုးမြတ်အောင်က ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရားထံမှ သူ့ရဲ့နာမည်နဲ့ ကဗျာလေးတစ်ပုဒ် ချီးမြှင့်ခံခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ဗောဓိရိပ်ငြိမ်ဆရာ တော်ဘုရား ထံ သီတင်းကျွတ် အခါသမ သွားရောက်ဖူးမျှော် ကန်တော့🙏🙏🙏 ဆုံးမဩဝါဒနာယူ 🙏🙏🙏 ဆရာတော်က ကျွန်တော့်နာမည်နဲ့ ကဗျာလေး တစ်ပုဒ် ချီးမြှင့်ပေးပါသည် *ဖြိုးမြတ်အောင် * ဖြိုး- ဖြိုးလျှံဝေကုသိုလ်တွေနဲ့၊ မြတ်- မြတ်နှလုံးအစဉ်သုံးလျှက်၊ အောင်- အောင်ပွဲအလံဘိသိက်ခံနိူင်ပါစေ။ အောင်စေ/မြတ်စေဖြိုးလျှံဝေ၍ များတွေပရိတ်သတ် စိတ်ဓါတ်တွေမျှဝေနိူင်ပါစေ” ဆိုပြီး ဆရာတော်ထံက ချီးမြှင့်ခံရတဲ့ ကဗျာလေးကို ပြောပြလာပါတယ်။

ဖြိုးမြတ်အောင်ကတော့ ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရားထံမှ ထူးထူးခြားခြားအနေနဲ့ ကဗျာလေးတစ်ပုဒ် ချီးမြှင့်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆရာတော်ဘုရား ချီးမြှင့်တော်မူတဲ့ ဖြိုးမြတ်အောင်အတွက် ကဗျာလေးကိုကြည့်ပြီး ပီတိတွေဖြစ်နေမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyo Myat Aung ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!