ပူပူေႏြးေႏြးခ်စ္ဇနီးေလးကိုပါေခၚေဆာင္ျပီး ဆရာဒါရိုက္တာေမာင္သီရဲ့ သြန္သင္ညႊန္ၾကားဆံုးမမႈေတြကို ခံယူခဲ့တဲ့ စည္ျဖိဳး

သရုပ္ေဆာင္ စည္ျဖိဳးနဲ့ သရုပ္ေဆာင္ ခင္လႊမ္းတို့ကေတာ့ စိတ္တူ ကိုယ္တူနဲ့ ဝါသနာပါ ထပ္တူက်တဲ့ ခ်စ္သူစံုတြဲေလးျဖစ္တာေၾကာင့္ ေရွ့သြားေနာက္လုိက္ညီတယ္လို့ ပရိသတ္ေတြက မွတ္ခ်က္ေပးျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းက အနုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္ေနသလို တစ္ဖက္မွာလည္း သူတို့ရဲ့ အနာဂတ္အတြက္ စီးပြားေရးလုပ္ငန္းေတြကိုလည္း အတူတကြ လုပ္ကိုင္ေနၾကျပီပဲ ျဖစ္ပါတယ္။ အခုဆိုရင္ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ ခ်စ္သူနွစ္ေယာက္က မဂၤလာလက္မွတ္ထိုး လက္ထပ္ခဲ့ျပီျဖစ္ျပီး နွစ္ကိုယ္တူဘဝေလးကို တည္ေဆာက္ထားခဲ့ျပီ ျဖစ္ပါတယ္။

အိမ္ေထာင္က်သြားျပီးတဲ့ေနာက္ အရင္ကထက္ ပိုျပီး ရင့္က်က္သြားခဲ့တဲ့ စည္ျဖိဳးက ဒီကေန့မွာေတာ့ ေလးစားရတဲ့ ဒါရိုက္တာ ေမာင္သီဆီ သြားေရာက္ခဲ့ေၾကာင္း ေျပာလာပါတယ္။ စည္ျဖိဳးက “ဘသီဆီသို့ အလည္တစ္ေခါက္ ေပါက္ေပါက္ေျမာက္ေျမာက္ေရာက္.. မ်က္စိကိုဖြင့္ နားကိုစြင့္ ပညာသင္အဆင့္ .. ထံုစရာထံုရန္အသင့္ ..” ဆိုျပီး ေမာင္သီကို ဂါရဝျပဳကန္ေတာ့ရင္း သင္ယူစရာရိွတာေတြကို အနီးကပ္သင္ယူခဲ့ေၾကာင္း ေျပာလာပါတယ္။

စည္ျဖိဳးကေတာ့ အိမ္ေထာင္က်သြားတဲ့အခ်ိန္က သီတင္းကြ်တ္အခ်ိန္အခါနဲ့ ကြက္တိဆိုသလိုျဖစ္သြားတာေၾကာင့္ ခ်စ္ဇနီးေလးကိုပါ ေဆြျပမ်ိဳးျပေခၚေဆာင္ရင္း ေလးစားရတဲ့ လူၾကီးမိဘ ဆရာသမားေတြကို လိုက္လံဂါရဝျပဳကန္ေတာ့ေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Si Phyo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပူပူနွေးနွေးချစ်ဇနီးလေးကိုပါခေါ်ဆောင်ပြီး ဆရာဒါရိုက်တာမောင်သီရဲ့ သွန်သင်ညွှန်ကြားဆုံးမမှုတွေကို ခံယူခဲ့တဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးနဲ့ သရုပ်ဆောင် ခင်လွှမ်းတို့ကတော့ စိတ်တူ ကိုယ်တူနဲ့ ဝါသနာပါ ထပ်တူကျတဲ့ ချစ်သူစုံတွဲလေးဖြစ်တာကြောင့် ရှေ့သွားနောက်လိုက်ညီတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းက အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း သူတို့ရဲ့ အနာဂတ်အတွက် စီးပွားရေးလုပ်ငန်းတွေကိုလည်း အတူတကွ လုပ်ကိုင်နေကြပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူနှစ်ယောက်က မင်္ဂလာလက်မှတ်ထိုး လက်ထပ်ခဲ့ပြီဖြစ်ပြီး နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားခဲ့ပြီ ဖြစ်ပါတယ်။

အိမ်ထောင်ကျသွားပြီးတဲ့နောက် အရင်ကထက် ပိုပြီး ရင့်ကျက်သွားခဲ့တဲ့ စည်ဖြိုးက ဒီကနေ့မှာတော့ လေးစားရတဲ့ ဒါရိုက်တာ မောင်သီဆီ သွားရောက်ခဲ့ကြောင်း ပြောလာပါတယ်။ စည်ဖြိုးက “ဘသီဆီသို့ အလည်တစ်ခေါက် ပေါက်ပေါက်မြောက်မြောက်ရောက်.. မျက်စိကိုဖွင့် နားကိုစွင့် ပညာသင်အဆင့် .. ထုံစရာထုံရန်အသင့် ..” ဆိုပြီး မောင်သီကို ဂါရဝပြုကန်တော့ရင်း သင်ယူစရာရှိတာတွေကို အနီးကပ်သင်ယူခဲ့ကြောင်း ပြောလာပါတယ်။

စည်ဖြိုးကတော့ အိမ်ထောင်ကျသွားတဲ့အချိန်က သီတင်းကျွတ်အချိန်အခါနဲ့ ကွက်တိဆိုသလိုဖြစ်သွားတာကြောင့် ချစ်ဇနီးလေးကိုပါ ဆွေပြမျိုးပြခေါ်ဆောင်ရင်း လေးစားရတဲ့ လူကြီးမိဘ ဆရာသမားတွေကို လိုက်လံဂါရဝပြုကန်တော့နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Si Phyo’s fb
Bilie – Cele Connections

error: Alert: Content is protected !!