နိုင္ငံရပ္ျခားေရာက္ရိွသြားသလို ခံစားရမယ့္ သူမပိုင္ဆိုင္ထားတဲ့ ျပင္ဦးလြင္ျမိဳ့က ဘိုဆန္ဆန္အိမ္ေလးကို ျပသလာတဲ့ စိုးျမတ္နႏၵာ

တည္ျငိမ္တဲ့ အလွတရားနဲ့ ေအးခ်မ္းလြန္းတဲ့ သြင္ျပင္ကို ပိုင္ဆိုင္ထားတဲ့ စိုးျမတ္နႏၵာကေတာ့ ငယ္စဥ္ကတည္းကေန ဒီေန့ဒီအခ်ိန္ထိ ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈကို ရရိွပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ စိုးျမတ္နႏၵာက အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာေတာ့ အနုပညာအလုပ္ေတြအျပင္ သူမရဲ့ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြကို တည္ေထာင္ထားတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာလည္း စိုးျမတ္နႏၵာက သူမရဲ့ မိသားစုေလးနဲ့အတူတူ သားေလး ျမတ္ေသာေမာင္ကို ရင္အုပ္မကြာ ေစာင့္ေရွာက္ရင္း ဘဝကို ေအးခ်မ္းစြာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ စိုးျမတ္နႏၵာက သူမပိုင္ဆိုင္ထားတဲ့ ျပင္ဦးလြင္ျမိဳ့က အိမ္ေလးကို ျပသလာခဲ့ပါတယ္။ စိုးျမတ္နႏၵာက “Dream Come true 🥰 The 9th Avenue – PyinOoLwin ေနရာေလးလဲေကာင္း .. ရာသီဥတုေလးလဲေကာင္း ..အိမ္ေလးေတြကလဲလွ ..စမ္းေခ်ာင္းေလး ျဖတ္ဆင္းသြားတဲ့ အိမ္ယာဝင္းေလးးး ..အိမ္နီးခ်င္းျဖစ္သြားရင္ေတာ့ ထမင္း လာစားမွာေနာ့ 🥰” ဆိုျပီး နိုင္ငံျခားေရာက္ရိွသြားသလို ခံစားရမယ့္ ျပင္ဦးလြင္ျမိဳ့က သူမရဲ့ ဘိုဆန္ဆန္အိမ္ေလးကို အခုလိုပဲ ျပသလာပါတယ္။

စိုးျမတ္နႏၵာရဲ့ ျပင္ဦးလြင္ျမိဳ့က အိမ္ေလးကေတာ့ စမ္းေခ်ာင္းေလးေတြ၊ သစ္ပင္စိမ္းစိမ္းစိုစုိေလးေတြနဲ့ သဘာဝအလွအပေတြၾကားမွာ တည္ရိွသလို သပ္ရပ္လွပတဲ့ အျပင္အဆင္ေတြနဲ့ဆိုေတာ့ နိုင္ငံရပ္ျခားကို ေရာက္ရိွသြားသလိုပဲေနာ္။ ပရိသတ္ၾကီးလည္း စိုးျမတ္နႏၵာရဲ့ အိမ္လွလွေလးကိုၾကည့္ျပီး မ်က္စိေအးခ်မ္းသြားမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Soemyat Nandar’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နိုင်ငံရပ်ခြားရောက်ရှိသွားသလို ခံစားရမယ့် သူမပိုင်ဆိုင်ထားတဲ့ ပြင်ဦးလွင်မြို့က ဘိုဆန်ဆန်အိမ်လေးကို ပြသလာတဲ့ စိုးမြတ်နန္ဒာ

တည်ငြိမ်တဲ့ အလှတရားနဲ့ အေးချမ်းလွန်းတဲ့ သွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့ စိုးမြတ်နန္ဒာကတော့ ငယ်စဉ်ကတည်းကနေ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ စိုးမြတ်နန္ဒာက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေအပြင် သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စိုးမြတ်နန္ဒာက သူမရဲ့ မိသားစုလေးနဲ့အတူတူ သားလေး မြတ်သောမောင်ကို ရင်အုပ်မကွာ စောင့်ရှောက်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စိုးမြတ်နန္ဒာက သူမပိုင်ဆိုင်ထားတဲ့ ပြင်ဦးလွင်မြို့က အိမ်လေးကို ပြသလာခဲ့ပါတယ်။ စိုးမြတ်နန္ဒာက “Dream Come true 🥰 The 9th Avenue – PyinOoLwin နေရာလေးလဲကောင်း .. ရာသီဥတုလေးလဲကောင်း ..အိမ်လေးတွေကလဲလှ ..စမ်းချောင်းလေး ဖြတ်ဆင်းသွားတဲ့ အိမ်ယာဝင်းလေးးး ..အိမ်နီးချင်းဖြစ်သွားရင်တော့ ထမင်း လာစားမှာနော့ 🥰” ဆိုပြီး နိုင်ငံခြားရောက်ရှိသွားသလို ခံစားရမယ့် ပြင်ဦးလွင်မြို့က သူမရဲ့ ဘိုဆန်ဆန်အိမ်လေးကို အခုလိုပဲ ပြသလာပါတယ်။

စိုးမြတ်နန္ဒာရဲ့ ပြင်ဦးလွင်မြို့က အိမ်လေးကတော့ စမ်းချောင်းလေးတွေ၊ သစ်ပင်စိမ်းစိမ်းစိုစိုလေးတွေနဲ့ သဘာဝအလှအပတွေကြားမှာ တည်ရှိသလို သပ်ရပ်လှပတဲ့ အပြင်အဆင်တွေနဲ့ဆိုတော့ နိုင်ငံရပ်ခြားကို ရောက်ရှိသွားသလိုပဲနော်။ ပရိသတ်ကြီးလည်း စိုးမြတ်နန္ဒာရဲ့ အိမ်လှလှလေးကိုကြည့်ပြီး မျက်စိအေးချမ်းသွားမှာ သေချာပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soemyat Nandar’s fb
Bilie – Cele Connections

error: Alert: Content is protected !!