ေဖ့စ္ဘုတ္မွာ သူမရဲ့ ဓာတ္ပံုေလးေတြ Share ေပးဖို့ေတာင္ ခ်စ္သူေမာင္ ၾကိဳက္တတ္တဲ့အရာေလးေတြနဲ့ အေပးအယူလုပ္ခဲ့ရတဲ့ ရီရီပြင့္ျဖဴ

သရုပ္ေဆာင္ ရီရီပြင့္ျဖဴကေတာ့ တစ္ခ်ိန္က ရုပ္ရွင္၊ ဗီဒီယိုဇာတ္ကားေတြနဲ့ သီခ်င္းဗီစီဒီေတြမွာ ပါဝင္သရုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္ ရီရီပြင့္ျဖဴက ျပီးခဲ့တဲ့နွစ္ေတြမွာ အနုပညာအလုပ္ေတြကို လံုးဝရပ္နားလိုက္ျပီး သာမာန္မိန္းကေလးတစ္ေယာက္အျဖစ္သာ Taksasila Online Academy ဆိုတဲ့ေက်ာင္းေလးဖြင့္ျပီး အသက္ေမြးဝမ္းေၾကာင္းပညာရပ္တစ္ခုကို သင္ၾကားေပးေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ရီရီပြင့္ျဖဴက ခ်စ္သူ ေမာင္နဲ့အတူတူ ေပ့ခ်္ေလးတစ္ခုတည္ေထာင္ျပီး Vlog ေလးေတြ ရိုက္ကာ ခ်စ္တဲ့သူေတြနဲ့ အျမဲ ထိေတြ့ဖို့ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ရီရီပြင့္ျဖဴက သူမရဲ့ Taksasila Online Academy ရဲ့ အက်ႌဒီဇိုင္းအသစ္ကေလးနဲ့ ဓာတ္ပံုေလးေတြကို သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေၾကျငာေပးလာခဲ့ပါတယ္။ ရီရီပြင့္ျဖဴကေတာ့ သူမရဲ့ ဓာတ္ပံုေလးကို Share ေပးဖို့ ခ်စ္သူေမာင္ကို သူၾကိဳက္တတ္တဲ့ အစားအေသာက္ေတြနဲ့ အေပးအယူလုပ္ခဲ့ရေၾကာင္းကို အခုလိုပဲ ခ်စ္စဖြယ္ေတြ့ရပါတယ္။

ေမာင္ကေတာ့ ခ်စ္သူ ရီရီပြင့္ျဖဴကို မစေနာက္ရရင္ မေနနိုင္သလို ဓာတ္ပံုေလး Share ေပးဖို့ကို ေစ်းကိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေမာင္နဲ့ ရီရီပြင့္ျဖဴတို့ရဲ့ ခ်စ္ၾကည္နူးေနပံုကိုၾကည့္ျပီး အားက်ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yi Yi Pwint Phyu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖေ့စ်ဘုတ်မှာ သူမရဲ့ ဓာတ်ပုံလေးတွေ Share ပေးဖို့တောင် ချစ်သူမောင် ကြိုက်တတ်တဲ့အရာလေးတွေနဲ့ အပေးအယူလုပ်ခဲ့ရတဲ့ ရီရီပွင့်ဖြူ

သရုပ်ဆောင် ရီရီပွင့်ဖြူကတော့ တစ်ချိန်က ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေနဲ့ သီချင်းဗီစီဒီတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ရီရီပွင့်ဖြူက ပြီးခဲ့တဲ့နှစ်တွေမှာ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး သာမာန်မိန်းကလေးတစ်ယောက်အဖြစ်သာ Taksasila Online Academy ဆိုတဲ့ကျောင်းလေးဖွင့်ပြီး အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီရီပွင့်ဖြူက ချစ်သူ မောင်နဲ့အတူတူ ပေ့ချ်လေးတစ်ခုတည်ထောင်ပြီး Vlog လေးတွေ ရိုက်ကာ ချစ်တဲ့သူတွေနဲ့ အမြဲ ထိတွေ့ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရီရီပွင့်ဖြူက သူမရဲ့ Taksasila Online Academy ရဲ့ အင်္ကျီဒီဇိုင်းအသစ်ကလေးနဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြေငြာပေးလာခဲ့ပါတယ်။ ရီရီပွင့်ဖြူကတော့ သူမရဲ့ ဓာတ်ပုံလေးကို Share ပေးဖို့ ချစ်သူမောင်ကို သူကြိုက်တတ်တဲ့ အစားအသောက်တွေနဲ့ အပေးအယူလုပ်ခဲ့ရကြောင်းကို အခုလိုပဲ ချစ်စဖွယ်တွေ့ရပါတယ်။

မောင်ကတော့ ချစ်သူ ရီရီပွင့်ဖြူကို မစနောက်ရရင် မနေနိုင်သလို ဓာတ်ပုံလေး Share ပေးဖို့ကို ဈေးကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ ချစ်ကြည်နူးနေပုံကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yi Yi Pwint Phyu’s fb
Bilie – Cele Connections

error: Alert: Content is protected !!