



Source: Aye Thaung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အချစ်သီချင်းလေးတစ်ပုဒ်ကို နားထောင်ရင်း တိုက်ဆိုင်မှုတွေရှိတဲ့အခါ ချစ်သူပါးဖောင်းလေးကို လွမ်းနေရတယ်ဆိုတဲ့ မအေးသောင်း

မအေးသောင်းဆိုပြီး ချစ်စနိုးနဲ့ ခေါ်နေကြတဲ့ အေးဝတ်ရည်သောင်းကတော့ အသက် ၃၀ ကျော်တိုင် အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ မိန်းမချောလေးတစ်ယောက်ပါပဲ။ အသက်ရလာလေလေ တည်ငြိမ်တဲ့အလှလေးနဲ့ ပိုပိုပြီးကျက်သရေရှိလာလေဖြစ်တဲ့ သူမရဲ့ အလှလေးကြောင့် ပုရိသတွေက မအေးသောင်းရယ်ဆိုပြီး ချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းကတော့ အသက်အရွယ်တစ်ခုရလာတဲ့တိုင် အိမ်ထောင်မပြုသေးပဲ အပျိုကြီးဆိုတဲ့ဂုဏ်ကို ထိန်းသိမ်းထားနိုင်သူတစ်ယောက်ဖြစ်ပေမယ့် ချစ်သူရည်းစားရှိကြောင်းကို ပရိသတ်တွေဆီ ပွင့်ပွင့်လင်းလင်းချပြထားပြီးသား ဖြစ်ပါတယ်။

ချစ်သူရှိကြောင်း ချပြထားပြီးပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကို မလျော့စတမ်းရရှိထားတဲ့ အေးဝတ်ရည်သောင်းကတော့ ဒီကနေ့မှာ သူမရဲ့ ချစ်သူကို လွမ်းနေတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အေးဝတ်ရည်သောင်းက အဆိုတော် အောင်ထက်သီဆိုထားတဲ့ “အချစ်ဆုံးသူသို့” ဆိုတဲ့ သီချင်းလေး နားထောင်ရင်း “စားသားလေးတွေက အသက် နားထောင်ရင်းပါးဖောင်းလေးကို လွမ်းလိုက်တာ🥰🥰” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကတော့ အချစ်သီချင်းလေးတစ်ပုဒ်ကို နားထောင်ရင်း တိုက်ဆိုင်မှုတွေရှိတဲ့အခါ ချစ်တဲ့သူကို သတိရနေရကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းတို့ ချစ်သူနှစ်ယောက် မကြာခင်အချိန်အတွင်းမှာ ရွှေလက်တွဲပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Thaung’s fb
Bilie – Cele Connections

error: Alert: Content is protected !!