



ယူနီကုဒ်ဖြင့်ဖတ်ရန်

သူမပိုင်ဆိုင်ထားတဲ့ ဒွေးရဲ့ ပန်းချီကားကို လေလံအောင်ဝယ်ယူခဲ့တဲ့ ပိုင်ရှင်အသစ်ဆီ ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးခဲ့တဲ့ မုဏ်း

သရုပ်ဆောင် မုဏ်းကတော့ ချစ်စရာကောင်းတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ညို့စိမ့်စိမ့်အသားအရည်လေးနဲ့ အရမ်းလှတဲ့ မင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မုဏ်းကတော့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အးပေးမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မုဏ်းကတော့ လူလေးလှပြီး သရုပ်ဆောင်ကောင်းရုံသာမက နူးညံ့တဲ့ နှလုံးသားလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ကောင်းသတင်းမွှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မုဏ်းက လက်ရှိ ကိုဗစ်ကာလမှာ ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို လှူဒါန်းနိုင်ဖို့အတွက် သူမပိုင်ဆိုင်ထားတဲ့ မင်းသားကြီးဒွေးရဲ့ ပန်းချီကားလက်ရာတစ်ခုကို လေလံတင်ရောင်းချနိုင်ဖို့ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မုဏ်းက သူမဝယ်ယူစုဆောင်းထားတဲ့ ဒွေးရဲ့ ပန်းချီကားကို လေလံအောင်သွားတဲ့ ပိုင်ရှင်အသစ်ဆီ သူမကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဒွေးရဲ့ ပန်းချီကားက ငွေကျပ် (၈) သိန်းနဲ့ လေလံအောင်ခဲ့တာဖြစ်ပြီး ထိုငွေကြေးအားလုံးကို ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များမှာ အသုံးပြု လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်ကျိုးအတွက်မဟုတ်ပဲ ဝယ်ယူစုဆောင်းထားတာကို ပြန်လည်လှူဒါန်းပေးတဲ့ မုဏ်းနဲ့ တဆင့်ပြန်လည်ဝယ်ယူပြီး ဒါနပြုပေးခဲ့တဲ့ ပိုင်ရှင်အသစ်အတွက် သာဓုခေါ်ပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: 3Color ပန်းချီပြခန်း’s fb
Bilie – Cele Connections

error: Alert: Content is protected !!