



ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် အနုပညာအလုပ်တွေနည်းပါးချိန်မှာ ဈေးသည်ကြီးလုပ်ရတာကိုပဲ ပျော်ရွှင်နေရတယ်ဆိုတဲ့ ခင်ဇာခြည်ကျော်

နိုင်ငံကျော် မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က “ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးတစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ယောက်ပါ။ ခင်ဇာခြည်ကျော်က အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ချစ်စရာကောင်းတဲ့ သားနဲ့ သမီးကို စောင့်ရှောက်နေတဲ့ Single Mother တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ ခင်ဇာခြည်ကျော်က Online Business လုပ်ကိုင်နေတာဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ အောင်မြင်လာတဲ့ သူမရဲ့ အလုပ်လေးအကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့။ ဈေးသည်ကြီး ဇာလေး တစ်နေ့ တစ်နေ့ အလုပ်တွေ အားရတယ်ကိုယ်မရှိပါဘူး…🤗👉မိဇာမာလာရှမ်းကော “ကလည်းရောင်းကောင်းတယ်…🍲🥘👍 Lambest Skincare ကလည်း ရောင်းကောင်းချက်။ နယ်တွေပို့ဖို့ ပစ္စည်းတွေထုပ်ပေါ့… ပျော်နေတာလေ😍😍 Online Business လုပ်လိုက်တာ အရမ်းမှန်ကန်သွားတယ်…👌👌👌နောက်တခု က သူများ စိန်ရွှေရတနာဆိုင်တွေအတွက် လည်း ဈေးရောင်း ပေးသေးတယ် 😁” ဆိုပြီး သူမရဲ့ အလုပ်တွေကြောင့် ပျော်ရွှင်နေရကြောင်း ပြောလာပါတယ်။

ခင်ဇာခြည်ကျော်ကတော့ နိုင်ငံကျော် မင်းသမီးဖြစ်ပေမယ့် အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့ စကားအတိုင်း သမာအာဇီဝကျကျ အလုပ်တွေ လုပ်ကိုင်ရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Zar Chi Kyaw’s fb
Bilie – Cele Connections

error: Alert: Content is protected !!