



ယူနီကုဒ်ဖြင့်ဖတ်ရန်

စတိုင်လ်အပြည့်နဲ့ ရပ်နေတဲ့ ညီထွဋ်ခေါင်အနားမှာ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ခါရမ်းပြီး နွဲ့နွဲ့နှောင်းနှောင်းနဲ့ ကပြခဲ့တဲ့ ကျော်ကျော်ရဲ့ အခွီဗီဒီယို

ပရိသတ်တွေက ဗရမ်းဗတာတွေလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့က ဘာပဲလုပ်လုပ် အတွဲညီကြသူတွေပဲ ဖြစ်ပါတယ်။ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ သုံးယောက်စလုံးက အမြွှာမောင်နှမတွေလို့ ထင်ရလောက်အောင် စိတ်တူကိုယ်တူရှိပြီး ဘာလုပ်လုပ်အတွဲညီကြသူများ ဖြစ်ကြပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းကြတဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ သုံးယောက်စလုံးကို ချစ်ခင်အားပေးကြပါတယ်။

ဒီကနေ့မှာတော့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့က ဆုမြတ်နိုးဦးမပါပဲနဲ့ နှစ်ယောက်တည်း အခွီဗီဒီယိုလေးကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။ ကျော်ကျော်ကတော့ စတိုင်လ်အပြည့်နဲ့ ရပ်နေတဲ့ ညီထွဋ်ခေါင်အနားမှာ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ခါရမ်းပြီး မိန်းကလေးတစ်ယောက်လိုမျိုး သရုပ်ဆောင်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အတူတူလုပ်ကြသလို ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့ ဗီဒီယိုလေးတွေကိုလည်း တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီး ဘဝအမောတွေ ပြေပျောက်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ’s fb
Bilie – Cele Connections

error: Alert: Content is protected !!