



Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မော်ဒယ်လ်မမတွေတောင် နောက်ကောက်ကျနေခဲ့မယ့် စတိုင်လ်ဒီဇိုင်းတွေနဲ့ အရမ်းလန်းနေတဲ့ ခေတ်နဲ့သစ်ရဲ့ပုံရိပ်ကို ပြသလာတဲ့ ချစ်သုဝေ

ပေါ့ပါးသွက်လက်ပြီး ချစ်စရာကောင်းတဲ့ ချစ်သုဝေက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း  ချစ်သုဝေကို လွန်ခဲ့တဲ့ နှစ်တွေကနေ အခုကလေးနှစ်ယောက်မေမေဖြစ်တဲ့အထိ အချိန်အတော်ကြာ ဟစိုက်မတ်မတ် အားပေးလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကလည်း ချစ်စရာအရမ်းကောင်းပြီး သွက်သွက်လက်လက်ရှိလွန်းတာမို့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကပါ ချစ်ကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် အသက် (၄) နှစ်နီးပါး အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ ခေတ်နဲ့သစ်က ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအယာလေးတွေကိုလည်း လုပ်တတ်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ချစ်သုဝေက သူမရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ မော်ဒယ်လ်တွေတောင် အရှုံးပေးရလောက်တဲ့ စတိုင်ဒီဇိုင်းနဲ့ ပုံရိပ်လေးတွေကို အခုလိုပဲ မျှဝေပေးလာတာကို တွေ့ရပါတယ်။

ခေတ်လေးနဲ့ သစ်လေးကတော့ မြင်သူတိုင်း မချစ်ပဲနဲ့ မနေနိုင်လောက်အောင် အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ခေတ်နဲ့ သစ်ရဲ့ ပုံရိပ်လေးကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!